
နန်ချန်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
ကျင်တယ်ကျိန့် လက်မှုကြွေထည်လုပ်ငန်း အမွေအနှစ်နေရာအား ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းရန် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ဇူလိုင် ၂၅ ရက်၌ ကျင်းပသည့် ၄၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံ၌ အတည်ပြုခဲ့သည်။
ယင်းသည် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် လုပ်ငန်းအမွေအနှစ်တစ်ခုကို ပထမဆုံးအကြိမ် အဆိုပြုတင်သွင်းခဲ့ခြင်းဖြစ်သလို ကြွေထည်နှင့်သက်ဆိုင်သည့် ပထမဆုံးသော ကမ္ဘာ့အမွေအနှစ် နေရာလည်းဖြစ်သည်။ ယင်းသို့ သတ်မှတ်ခြင်းကြောင့် တရုတ်နိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်နေရာပေါင်း ၆၁ ခုအထိ ရှိလာပြီဖြစ်သည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်တွင် တည်ရှိသော ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရသည့် အဆိုပါနေရာများသည် ၁၀ ရာစုမှ ၁၉ ရာစုအထိ ကျင်တယ်ကျိန့်မြို့တွင် တီထွင်ဖန်တီးခဲ့သော လက်မှုကြွေထည်လုပ်ငန်းစနစ်ကို ကိုယ်စားပြုလျက်ရှိသည်။
ကျန်းရှီးပြည်နယ် အရှေ့မြောက်ပိုင်း တောင်ထူထပ်သော အရပ်၌ တည်ရှိသည့် ကျင်တယ်ကျိန့်မြို့သည် တရုတ်ရွှံ့စေးဟုလည်း လူသိများသော ကောင်းလျင်နှင့် ကြွေထည်ထုတ်လုပ်ရာတွင် မရှိမဖြစ်အရေးပါသော အခြားကုန်ကြမ်းပစ္စည်းများ ပေါကြွယ်ဝလျက်ရှိသည်။ Changjiang မြစ် ဖြတ်သန်းစီးဆင်းကာ ကျင်တယ်ကျိန့်မြို့နှင့် တရုတ်နိုင်ငံ၏ အကြီးဆုံးရေချိုကန်ဖြစ်သော ပေါ်ယန်ရေကန်နှင့်လည်းကောင်း၊ တရုတ်နိုင်ငံ၏ အရှည်လျားဆုံး ရေလမ်းကြောင်းဖြစ်သော ယန်ဇီမြစ်နှင့်လည်းကောင်း ချိတ်ဆက်ထားသည့်အတွက် ထိုမြို့သည် ရေကြောင်းသွားလာရေးတွင်လည်း လွယ်ကူအဆင်ပြေလှသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260725/9698f7195985496c9054ab98d0fa99c6/c.html
...........................................................
(English Version)
Timeless appeal of China's ancient "porcelain capital" Jingdezhen
NANCHANG, July 25 (Xinhua) -- The Jingdezhen Handicraft Porcelain Industry Sites were inscribed on UNESCO's World Heritage List on Saturday during the 48th session of the World Heritage Committee in Busan, the Republic of Korea.
It is the first time that China has nominated an industrial heritage site for World Heritage status, and it is also the first World Heritage site themed around porcelain. This inscription brings the total number of World Heritage sites in China to 61.
Located in east China's Jiangxi Province, the inscribed sites represent the handcrafted porcelain industry system that developed in Jingdezhen from the 10th to the 19th centuries.
Nestled in a hilly area of northeastern Jiangxi, Jingdezhen is endowed with abundant reserves of kaolin, also known as China clay, and other raw materials essential for porcelain production. The city also enjoys convenient waterway access, as the Changjiang River flows through it and links Jingdezhen to Poyang Lake, the country's largest freshwater lake, and further to the Yangtze River, China's longest waterway.
https://english.news.cn/20260725/9698f7195985496c9054ab98d0fa99c6/c.html
English Caption
This file photo taken on Jan. 17, 2025 shows a view of the Taoyangli Historical and Cultural Block in Jingdezhen, east China's Jiangxi Province. (Xinhua)








