တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ၄၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံ ကျင်းပနေသည့် မြင်ကွင်းအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘူဆန်၊ တောင်ကိုရီးယား၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ဇူလိုင် ၂၅ ရက်က ကျင်းပသည့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ၄၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံတွင် တရုတ်နိုင်ငံ၏ ကျင်တယ်ကျိန့် လက်မှုကြွေထည်လုပ်ငန်း အမွေအနှစ်နေရာအား ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းသတ်မှတ်ခဲ့သည်။

ထိုသို့ စာရင်းသွင်းမှုကြောင့် တရုတ်နိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်နေရာပေါင်း ၆၁ ခုအထိ ရှိလာပြီဖြစ်သည်။

ကျင်တယ်ကျိန့် လက်မှုကြွေထည်လုပ်ငန်း အမွေအနှစ်နေရာသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် ကျင်တယ်ကျိန့်မြို့တွင် ၁၀ ရာစုမှ ၁၉ ရာစုအထိ တီထွင်ဖန်တီးခဲ့သော လက်မှုကြွေထည်လုပ်ငန်းစနစ်ကို ကိုယ်စားပြုသော အမွေအနှစ်နေရာများ စုဝေးနေသည့် နေရာတစ်ခုဖြစ်သည်။

ကျင်တယ်ကျိန့်မြို့တွင် အရည်အသွေးအကောင်းဆုံး ကြွေထည်များကို ထုတ်လုပ်ကာ ယင်း၏ အပြာရောင်နှင့် အဖြူရောင် ကြွေထည်များနှင့် ဒီဇိုင်းပုံစံများမှာ အလွန်တန်ဖိုးထားအပ်သည့် ကမ္ဘာလုံးဆိုင်ရာ အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်လာခဲ့သလို တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် အနုလက်ရာကျွမ်းကျင်မှုတို့၏ အမှတ်သင်္ကေတတစ်ခုလည်း ဖြစ်လာသည်ဟု ယူနက်စကိုက ဆိုသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260725/f76764eead3e4a48ba031682b9286c56/c.html

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် ကျင်တယ်ကျိန့်မြို့ရှိ ကျင်တယ်ကျိန့် တရုတ်ကြွေထည်ပြတိုက်၌ ခင်းကျင်းပြသထားသော ယွမ်မင်းဆက် (၁၂၇၁-၁၃၆၈) လက်ထက်က ပြုလုပ်ထားသည့် အပြာရောင်နှင့် အဖြူရောင် ကြွေထည်ပစ္စည်းတစ်ခုအား ၂၀၂၅ ခုနှစ် မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………………………………………..

(English Version)

China's Jingdezhen Handicraft Porcelain Industry Sites added to UNESCO World Heritage List

BUSAN, South Korea, July 25 (Xinhua) -- The United Nations Educational, Scientific and Cultural Organization (UNESCO) added China's Jingdezhen Handicraft Porcelain Industry Sites to the World Heritage List on Saturday during the 48th session of the World Heritage Committee held in Busan, South Korea.

The inscription brings the total number of World Heritage sites in China to 61.

Jingdezhen Handicraft Porcelain Industry Sites are a group of heritage sites representing the handicraft porcelain industry system that developed in Jingdezhen, east China's Jiangxi Province, from the 10th to the 19th century.

Porcelain of the highest quality was produced at Jingdezhen, and its blue-and-white porcelain and designs became a prized global commodity and a symbol of Chinese culture and artistry, according to UNESCO.

https://english.news.cn/20260725/f76764eead3e4a48ba031682b9286c56/c.html

English Caption 1

This photo taken on July 25, 2026 shows a scene during the 48th session of the World Heritage Committee in Busan, South Korea. (Xinhua/Yao Qilin)

English Caption 2

A piece of blue-and-white porcelain made in the Yuan Dynasty (1271-1368) is on display at the Jingdezhen China Ceramics Museum in Jingdezhen, east China's Jiangxi Province, May 8, 2025. (Xinhua)