
နန်ကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
မကြာသေးမီရက်များတွင် တရုတ်နိုင်ငံ၊ ကျန်းဆူးပြည်နယ်၊ နန်ကျင်းမြို့၊ ရွှမ်ဝူခရိုင်သည် ပူပြင်းသည့်နွေရာသီကို တုံ့ပြန်သည့်အနေဖြင့် သန့်ရှင်းရေးလုပ်သားများအတွက် လေအေးပေး “အဲကွန်း ဝေ့စ်ကုတ်” များကို ပေးအပ်ခဲ့သည်။ အဆိုပါ ဝေ့စ်ကုတ်၏ ခါးနှစ်ဖက်တွင် အသေးစားပန်ကာများ တပ်ဆင်ထားပြီး အတွင်းဘက်သို့ လေမှုတ်ထုတ်ပေးကာ အတွင်းပိုင်း၌ လေစီးဆင်းလည်ပတ်ခြင်းဖြင့် ချွေးတိတ်စေကာ အပူချိန်ကို လျှော့ချပေးနိုင်သဖြင့် ပူပြင်းသော အခြေအနေတွင် အလုပ်လုပ်ကိုင်နေရသော လုပ်သားများအတွက် အေးမြမှုကို ပိုမိုရရှိစေသည်။ (Xinhua)
........................
(Chinese Version)
江苏南京:环卫工穿上“空调马甲”
新华社照片,南京,2026年7月28日
近日,江苏省南京市玄武区应对夏季高温天气,为环卫工人配备了降温“空调马甲”。马甲腰间两侧装有微型风扇,向内送风形成内部气流循环,加速汗液蒸发实现散热,让高温下的劳动者多一份清凉。
图说1:7月28日,环卫工人身穿“空调马甲”在街头工作。 新华社记者 李博 摄
图说2:7月28日,环卫工人展示“空调马甲”。新华社记者 李博 摄








