
ဘစ်ရှ်ကက်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ မီဒီယာနှင့် Think Tank ထိပ်သီးအစည်းအဝေးကို ဇူလိုင် ၂၇ ရက်က ကာဂျစ္စတန်နိုင်ငံ မြို့တော် ဘစ်ရှ်ကက်တွင် ကျင်းပခဲ့သည်။ အစည်းအဝေးကာလအတွင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကျောင်း (နိုင်ငံတော် စီမံခန့်ခွဲရေးအကယ်ဒမီ) နိုင်ငံအဆင့် အဆင့်မြင့် Think Tank ၊ ဆင်ဟွာသတင်းဌာန နိုင်ငံအဆင့် အဆင့်မြင့် Think Tank တို့အတူ “ရှီကျင့်ဖိန် ပါတီတည်ဆောက်ရေးဆိုင်ရာ အတွေးအခေါ်များ၏ ခေတ်ကာလအနှစ်သာရနှင့် ကမ္ဘာ့အနက်အဓိပ္ပာယ်” Think Tank အစီရင်ခံစာကို ကာဂျစ္စတန်၊ ရုရှား ဘာသာစကားများဖြင့် ထုတ်ဝေခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီက ထူးချွန်ထက်မြက်အောင်မြင်မှုများကို စဉ်ဆက်မပြတ် ဖန်တီးတည်ဆောက်နိုင်ခြင်း၏ ကောင်းမွန်သည့်အရည်အသွေးများနှင့် အဓိကလျှို့ဝှက်ချက်များကို အသေးစိတ် ရှင်းလင်းဖော်ပြခဲ့သည်။
အစီရင်ခံစာအပြည့်အစုံသည် စာလုံးရေ သုံးသောင်းခန့်ရှိပြီး ရှီကျင့်ဖိန်၏ ပါတီတည်ဆောက်ရေးဆိုင်ရာ အတွေးအခေါ် ပေါ်ပေါက်လာပုံ၊ အနှစ်သာရ၊ သီအိုရီအရည်အသွေးနှင့် ကမ္ဘာ့အနက်အဓိပ္ပာယ်တို့ကို စနစ်တကျ ရှင်းလင်းဖော်ပြထားကာ ရာစုနှစ်သက်တမ်းရှိ ပါတီကြီး၏ ရေရှည်တည်တံ့ခိုင်မြဲပြီး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက် အင်အားတောင့်တင်းလာရခြင်း၏ အခြေခံ သော့ချက်ကို နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်ပြသထားသည်။
အစီရင်ခံစာတွင် တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူများ၏ ချမ်းသာသုခနှင့် တရုတ်အမျိုးသားအတွက် ပြန်လည်အားသစ်လောင်းမှုကို ဖော်ဆောင်ပေးသည့် ပါတီဖြစ်သကဲ့သို့ လူသားမျိုးနွယ်တို့၏ တိုးတက်ရေးနှင့် ကမ္ဘာကြီး၏ အေးချမ်းသာယာရေးကို ဖော်ဆောင်ပေးသည့် ပါတီလည်းဖြစ်ကြောင်း အလေးထား ဖော်ပြထားသည်။
ရှီကျင့်ဖိန်၏ ပါတီတည်ဆောက်ရေးဆိုင်ရာ အတွေးအခေါ်သည် လူသားမျိုးနွယ်၏ နိုင်ငံရေး၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုဟူသော အမြင့်တွင် ရပ်တည်လျက် လက်ရှိမျက်မှောက်ခေတ်နှင့် အနာဂတ် ကမ္ဘာကြီးအပေါ် စဉ်းစားတွေးခေါ်မှုများနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ လက်တွေ့လုပ်ဆောင်မှုများကို အနှစ်ချုပ်ထားသည့်အပေါ် အခြေခံ၍ ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံရေးပါတီများ၊ အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများရှိ နိုင်ငံရေးပါတီများ၏ ပါတီတည်ဆောက်ရေးအတွက် အရေးပါသော လမ်းစများကို ပံ့ပိုးပေးထားသည်။
အဆိုပါထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာ၊ Think Tank ကျွမ်းကျင်ပညာရှင်များက ထိုအစီရင်ခံစာအပေါ် အထူးချီးကျူးပြောကြားခဲ့သည်။ ယင်းအစီရင်ခံစာသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ဒေသတွင်းအတွက် ရှီကျင့်ဖိန်၏ ပါတီတည်ဆောက်ရေးဆိုင်ရာ အတွေးအခေါ်ကို ရှင်းလင်းဖော်ပြပေးသည့် အရေးပါသော ရလဒ်ဖြစ်ကြောင်း၊ ရာစုနှစ်သက်တမ်းရှိ ပါတီကြီး၏ ကိုယ်တိုင်တည်ဆောက်ရေးဆိုင်ရာ မူလအစ သီအိုရီများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို စနစ်တကျ အနှစ်ချုပ်တင်ပြထားရုံသာမက ကမ္ဘာ့နိုင်ငံရေးပါတီများ အားလုံး ယေဘုယျအားဖြင့် ရင်ဆိုင်နေရသော စီမံခန့်ခွဲအုပ်ချုပ်ရေး စိန်ခေါ်စမ်းသပ်မှုများကိုပါ ရင်ဆိုင်ဖြေရှင်းပြထားရာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ မူဘောင်အောက်ရှိ နိုင်ငံရေးပါတီများအကြား ဆွေးနွေးမှုများနှင့် ပညာရပ်ဆိုင်ရာ သုတေသနပြုမှုများအတွက် မရှိမဖြစ် လိုအပ်သော အဓိက စာတမ်းတစ်စောင်ဖြစ်ကြောင်း ၎င်းတို့က ယူဆကြသည်။
အစည်းအဝေးတက်ရောက်လာကြသည့် ဧည့်သည်တော်များက အဆိုပါ အစီရင်ခံစာသည် ကာဂျစ္စတန်ဘာသာနှင့် ရုရှားဘာသာတို့ဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများရှိ နိုင်ငံရေးပါတီများ၊ Think Tank အဖွဲ့များနှင့် ပညာရှင်နယ်ပယ်တို့အတွက် တရုတ်ကွန်မြူနစ်ပါတီကို ကောင်းစွာနားလည်သဘောပေါက်စေရန်နှင့် တရုတ်နိုင်ငံ၏ နိုင်ငံစီမံအုပ်ချုပ်ခြင်း ယုတ္တိဗေဒကို နားလည်သဘောပေါက်စေရန် တိကျသေချာသော ပေါင်းကူးတံတား တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံရေးပါတီချင်း ဖလှယ်မှုများနှင့် နိုင်ငံစီမံခန့်ခွဲမှု အတွေ့အကြုံများကို အပြန်အလှန် လေ့လာသင်ယူကြရန်အတွက် အရေးကြီးသော အချက်အလက်များကို ပံ့ပိုးထားကာ ဘက်အသီးသီးက “ရှန်ဟိုင်း စိတ်ဓာတ်” ကို အခြေခံ၍ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုကို နက်ရှိုင်းစေရန်နှင့် ပိုမိုနီးကပ်မှုရှိသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် အတွေးအခေါ်ဆိုင်ရာ အခြေခံအုတ်မြစ်ကို ခိုင်မာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ယူဆကြသည်။
“ရှီကျင့်ဖိန် ပါတီတည်ဆောက်ရေးဆိုင်ရာ အတွေးအခေါ်များ၏ ခေတ်ကာလအနှစ်သာရနှင့် ကမ္ဘာ့အနက်အဓိပ္ပာယ်” Think Tank အစီရင်ခံစာ တရုတ်ဘာသာစာအုပ်ကို ဇူလိုင် ၂ ရက်တွင် ပေကျင်းမြို့၌ ထုတ်ဝေခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
《习近平党建思想的时代特质与世界意义》智库报告吉尔吉斯文、俄文版发布
新华社比什凯克7月27日电(记者黄河 江宥林)2026上海合作组织媒体智库峰会27日在吉尔吉斯斯坦首都比什凯克开幕。其间,中共中央党校(国家行政学院)国家高端智库、新华社国家高端智库联合发布《习近平党建思想的时代特质与世界意义》智库报告吉尔吉斯文、俄文版,深入阐述中国共产党之所以能够不断铸就辉煌的优秀特质和关键密码。
报告全文约3万字,系统阐释了习近平党建思想的生成脉络、精髓要义、理论品格与世界意义,深度解码百年大党长盛不衰、不断发展壮大的根本密钥。报告强调,中国共产党是为中国人民谋幸福、为中华民族谋复兴的党,也是为人类谋进步、为世界谋大同的党。习近平党建思想站在人类政治文明发展的高度,基于对当下和未来世界的思考和对中国共产党实践的总结,为世界各国政党特别是全球南方国家政党建设提供了重要启迪。
出席峰会的上合组织媒体智库专家学者对报告给予高度评价,认为报告是面向上合组织地区解读习近平党建思想的重要成果,既系统总结百年大党自我建设的原创性理论与实践路径,又直面全球政党普遍面临的执政考验,是上合组织框架下政党对话、学术研究不可或缺的核心文献。
与会嘉宾认为,报告以吉尔吉斯文、俄文为载体,为上合组织各成员国政党、智库、学界精准搭建读懂中国共产党、理解中国治国理政逻辑的桥梁,为各成员国开展政党交流、治国理政经验互学互鉴提供重要资料,助力各方依托“上海精神”深化政治互信,夯实构建更加紧密的上合组织命运共同体的思想根基。
《习近平党建思想的时代特质与世界意义》智库报告中文版于7月2日在北京发布。(完)
1. 这是吉尔吉斯文、俄文版《习近平党建思想的时代特质与世界意义》智库报告。新华社记者 唐如峰 摄
2. 7月27日,在吉尔吉斯斯坦首都比什凯克举行的2026上海合作组织媒体智库峰会会场,与会代表翻阅《习近平党建思想的时代特质与世界意义》吉尔吉斯文、俄文版智库报告。新华社记者 冯开华 摄








