တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ အမျိုးသားသိပ္ပံနှင့်နည်းပညာဆု ချီးမြှင့်ပေးအပ်ပွဲ၊ တရုတ်သိပ္ပံအကယ်ဒမီ (CAS) နှင့် တရုတ်အင်ဂျင်နီယာအကယ်ဒမီ (CAE) ၏ အဖွဲ့ဝင်များအစည်းအဝေး၊ တရုတ်သိပ္ပံနှင့်နည်းပညာအသင်း၏ ၁၁ ကြိမ်မြောက် အမျိုးသားကွန်ဂရက်တို့ ပါဝင်သော အစည်းအဝေးသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တက်ရောက်နေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ အမျိုးသားသိပ္ပံနှင့်နည်းပညာဆု ချီးမြှင့်ပေးအပ်ပွဲ၊ တရုတ်သိပ္ပံအကယ်ဒမီ (CAS) နှင့် တရုတ်အင်ဂျင်နီယာအကယ်ဒမီ (CAE) ၏ အဖွဲ့ဝင်များအစည်းအဝေး၊ တရုတ်သိပ္ပံနှင့်နည်းပညာအသင်း၏ ၁၁ ကြိမ်မြောက် အမျိုးသားကွန်ဂရက်တို့ ပါဝင်သော အစည်းအဝေးသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တက်ရောက်နေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအား အင်အားတောင့်တင်းသော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ခြင်းကိုလည်းကောင်း၊ နိုင်ငံပြန်လည်အားသစ်လောင်းမှုကို မြှင့်တင်ဖော်‌ဆောင်ရာတွင်လည်းကောင်း ပြည်ပရောက် တရုတ်နွယ်ဖွားများနှင့် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူများ၏ အင်အားများကို စုစည်းရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက ပြည်ပရောက် တရုတ်နွယ်ဖွားများနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်အပေါ် လမ်းညွှန်မှာကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံနှင့် ဒေသပေါင်း ၂၀၀ နီးပါးတွင် နေထိုင်လျက်ရှိသည့် တရုတ်နွယ်ဖွား သန်း ၆၀ ကျော်သည် အမိနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ပြည်ပရောက် တရုတ်နွယ်ဖွားများနှင့် တရုတ်နိုင်ငံရှိ ၎င်းတို့၏ မိသားစုဝင် သန်း ၄၀ ကျော်နှင့်အတူ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်တွန်းအားပေးရာတွင် ပံ့ပိုးကူညီခဲ့သလို တစ်ချိန်တည်းတွင် တရုတ်ယဉ်ကျေးမှုကို မြှင့်တင်ဖော်ထုတ်ပေးကာ နိုင်ငံတကာ ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ခဲ့သည်။  

ပြည်ပရောက် တရုတ်နွယ်ဖွားများနှင့် သက်ဆိုင်သော ပါတီလုပ်ငန်းစဉ်ဆိုင်ရာ မူဝါဒများကို အပြည့်အဝ အကောင်အထည်ဖော်ရန်၊ ပြည်ပရောက် တရုတ်နွယ်ဖွားများသာမက အမိနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ပြည်ပမှ တရုတ်နွယ်ဖွားများနှင့် ၎င်းတို့၏ မိသားစုများအနေဖြင့်လည်း နိုင်ငံပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်အား ပံ့ပိုးကူညီရာတွင် ၎င်းတို့၏ ထူးခြားသော အားသာချက်များကို ထိထိရောက်ရောက် အသုံးချနိုင်ရေးအတွက် တွန်းအားပေးရန်လည်း ရှီက တိုက်တွန်းခဲ့သည်။

ပြည်ပရောက် တရုတ်နွယ်ဖွားများနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်ဆိုင်ရာ နိုင်ငံအဆင့် ဆွေးနွေးပွဲအား ပေကျင်းမြို့တွင် ဇူလိုင် ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ရာ အဆိုပါ ဆွေးနွေးပွဲအတွင်း ရှီ၏ လမ်းညွှန်မှာကြားချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ကာ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဝမ်က ရှီ၏ လမ်းညွှန်မှာကြားချက်သည် ခေတ်သစ် ခရီးသစ်၌ ပြည်ပရောက် တရုတ်နွယ်ဖွားများနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်အတွက် လမ်းညွှန်ချက်ချမှတ်ပေးကာ အရေးကြီးလမ်းညွှန်မှုပေးခဲ့သည်ဟု ပြောကြားလျက် အဆိုပါနယ်ပယ်၌ ခေတ်သစ်ကာလ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

................................................................

(English Version)

Xi urges pooling strength of overseas Chinese to build strong country, advance national rejuvenation

BEIJING, July 28 (Xinhua) -- Chinese President Xi Jinping has urged pooling the strength of overseas Chinese and those who have returned to China to contribute to building China into a strong country and advancing national rejuvenation.

Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, made the remarks in an instruction on work related to Chinese nationals overseas.

More than 60 million Chinese residing in nearly 200 countries and regions, together with over 40 million returned overseas Chinese and their family members in China, have helped drive China's development while promoting Chinese culture and deepening international exchanges and cooperation.

Xi called for fully implementing the Party's policies on work related to Chinese nationals overseas and encouraging overseas Chinese, as well as returned overseas Chinese and their families, to leverage their unique strengths in support of the cause of national reunification.

The national conference on work related to Chinese nationals overseas was held in Beijing from Monday to Tuesday, during which Xi's instruction was conveyed.

Wang Huning, a member of the Standing Committee of the Political Bureau of the CPC Central Committee and chairman of the National Committee of the Chinese People's Political Consultative Conference, attended the conference and delivered a speech.

Xi's instruction sets the direction and provides important guidance for work related to Chinese nationals overseas on the new journey in the new era, Wang said, urging efforts to promote the high-quality development in the field in the new era.

English Caption

Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, attends a meeting bringing together the national science and technology award conference, the general assemblies of the members of the Chinese Academy of Sciences (CAS) and the Chinese Academy of Engineering (CAE), and the 11th national congress of the China Association for Science and Technology at the Great Hall of the People in Beijing, capital of China, July 8, 2026. (Xinhua/Shen Hong)