
မနီလာ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံအနေဖြင့် နိုင်ငံအတွင်း လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီများအား တရားမျှတ၍ သာတူညီမျှဖြစ်ကာ ခွဲခြားဆက်ဆံမှုမရှိသော စီးပွားရေးပတ်ဝန်းကျင် ပံ့ပိုးပေးရန်နှင့် ကုန်သွယ်စီးပွားကိစ္စရပ်များတွင် လုံခြုံရေးအသွင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခြင်းကို ရှောင်ရှားရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင် ၂၃ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်း ဖြစ်သူ ဝမ်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းနှင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် တွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် ကုလသမဂ္ဂ (UN) လုံခြုံရေးကောင်စီ၏ အဓိကနိုင်ငံကြီးများနှင့် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံ အခွင့်အလမ်းနယ်ပယ်ကို ကျော်လွန်ကာ ကမ္ဘာလုံးဆိုင်ရာ အရေးပါမှုကို ဆောင်ကြဉ်းပေးသည့် ဆက်ဆံရေးကို မျှဝေလျက်ရှိကြောင်း ဝမ်က ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ဗြိတိန်နိုင်ငံ အစိုးရသစ်က တရုတ်နိုင်ငံအား မျက်နှာမူသည့် ၎င်းတို့၏ မူဝါဒကို စဉ်ဆက်မပြတ် တည်ငြိမ်မှုကို ထိန်းသိမ်းရေးကတိကဝတ် ထုတ်ပြန်ခြင်းကို မှတ်သားမိကြောင်း၊ ဗြိတိန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လိုက်နာစောင့်ထိန်းကာ နှစ်နိုင်ငံ ဆက်ဆံရေး နိုင်ငံရေးအခြေခံကို ထိန်းသိမ်းမည်ဟု မျှော်လင့်ကြောင်းလည်း ဝမ်က ဆိုသည်။
ထို့ပြင် ဗြိတိန်နိုင်ငံ အစိုးရသစ်နှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုများမှတစ်ဆင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု ခိုင်မာရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန်၊ နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆောင်ရွက်မှု မြှင့်တင်ရန် တရုတ်နိုင်ငံ၏ မျှော်မှန်းချက်ကိုလည်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260723/2152b902145d4dc08f533a6ee9e851f6/c.html
……………………………………..
(English Version)
Chinese FM urges Britain to avoid imposing security implications on economic, trade issues
MANILA, July 23 (Xinhua) -- Chinese Foreign Minister Wang Yi on Thursday called on Britain to provide Chinese companies operating in the country with a fair, equitable and non-discriminatory business environment, and avoid imposing security implications on economic and trade issues.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the remarks during his meeting with British Foreign Secretary Ed Miliband in Manila, the Philippines.
China and Britain, both as major countries and permanent members of the United Nations (UN) Security Council, share a relationship that transcends the bilateral scope and carries global significance, Wang said.
China takes note of the new UK government's stated commitment to maintaining continuity and stability in its policy toward China, and hopes that Britain will adhere to the one-China principle and uphold the political foundation of bilateral relations, he noted.
Wang expressed China's expectation to work closely with the new UK government through high-level exchanges, consolidate political mutual trust, deepen practical cooperation, and advance the comprehensive strategic partnership between the two countries.
https://english.news.cn/20260723/2152b902145d4dc08f533a6ee9e851f6/c.html
Photo: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with British Foreign Secretary Ed Miliband in Manila, the Philippines, July 23, 2026. (Xinhua/Zhao Chenjie)








