တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်အား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်အား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသတွင် ယခုနောက်ဆုံးအကြိမ် တင်းမာမှုအရှိန်မြင့်တက်လာခြင်းနှင့်စပ်လျဉ်း၍ အလွန်စိုးရိမ်ပူပန်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၂၃ ရက်၌ ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ တည်ငြိမ်စွာ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပြီး ရန်လိုမှုများ ရပ်တန့်ကာ ထိတွေ့ဆက်ဆံမှုများနှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် သက်ဆိုင်ရာ ဘက်အသီးသီးအား တိုက်တွန်းခဲ့သည်။

ထို့အပြင် ဆွေးနွေးညှိနှိုင်းမှုရလဒ်များအား လွယ်ကူစွာ ရရှိခဲ့ခြင်းမဟုတ်ကြောင်း လျင်က ပြောကြားခဲ့ပြီး နိုင်ငံရေးနှင့် သံတမန်ရေးရာ နည်းလမ်းများဖြင့် ဖြေရှင်းရန်နှင့် ရေရှည်တည်တံ့သော အပြည့်အဝ အပစ်ရပ်မှု အမြန်ဆုံးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း သက်ဆိုင်ရာ ဘက်အသီးသီးအား တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် တိုက်ပွဲများအဆုံးသတ်ရေးအတွက် ပိုမိုကြိုးပမ်းအားထုတ်ရန်နှင့် အဆိုပါဒေသတွင် တင်းမာမှုအခြေအနေ လျော့ပါးရေးနှင့် ငြိမ်းချမ်းရေးပြန်လည်ထိန်းသိမ်းရေးအတွက် မဆုတ်မနစ်ဆောင်ရွက်ရန် အသင့်ရှိသည်ဟုလည်း လျင်က ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)


.......................................................................

(English Version)

China says deeply concerned over escalation of situation in Middle East, Gulf region

BEIJING, July 23 (Xinhua) -- China is deeply concerned over the latest round of escalation in the Middle East and Gulf region, a Chinese foreign ministry spokesperson said on Thursday.

Spokesperson Lin Jian made the remarks at a daily press briefing, urging the parties concerned to remain calm, exercise restraint, stop hostilities, and resume contact and dialogue.

The negotiation outcomes did not come easy, said Lin, urging the parties concerned to resolve disputes through political and diplomatic means, and strive for a full and lasting ceasefire at an early date.

China stands ready to make further efforts to facilitate the end of fighting, and work relentlessly to cool down the situation and restore peace to the region, Lin added. ■