ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ ဗီယင်နာ အမျိုးသား ဂီတနှင့် သရုပ်ဆောင်အနုပညာ တက္ကသိုလ်၌ ဟွမ်ယွင့်ဝန် (ယာဘက်) နှင့် ဟွမ်ယွင့်ယွီတို့က ပြင်ဆင်ရေးဖွဲ့ထားသော “စံပယ်ပန်း” သီချင်းအား လေ့ကျင့်နေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)
ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ ဗီယင်နာ အမျိုးသား ဂီတနှင့် သရုပ်ဆောင်အနုပညာ တက္ကသိုလ်၌ ဟွမ်ယွင့်ဝန် (ယာဘက်) နှင့် ဟွမ်ယွင့်ယွီတို့က ပြင်ဆင်ရေးဖွဲ့ထားသော “စံပယ်ပန်း” သီချင်းအား လေ့ကျင့်နေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)


ဗီယင်နာ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ဟွမ်ယွင့်ဝန်နှင့် ဟွမ်ယွင့်ယွီသည် ငယ်စဉ်ကတည်းက တယောဖျော်ဖြေတင်ဆက်ကြသည့် အမြွှာညီအစ်မများဖြစ်ပြီး ဩစတြီးယားနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့တွင် နှစ်ပေါင်းများစွာ အပတ်တကုတ် ပညာတော်သင်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ဂျာမနီနိုင်ငံ Trossingen အမျိုးသားဂီတ တက္ကသိုလ်မှ ပါရဂူဘွဲ့ရပြီးနောက် ၎င်းတို့နှစ်ဦးသည် ဗီယင်နာ အသံထုတ်လွှင့်မှု သံစုံတီးဝိုင်းတွင် ဧည့်သည်တယောတီးခတ်သူအဖြစ် လုပ်ကိုင်ခဲ့သည်။

ဥရောပ၌ ပညာသင်ကြားသည့်ကာလအတွင်း ၎င်းတို့ညီအစ်မနှစ်ဦးသည် အနောက်တိုင်း ဂန္ထဝင်ဂီတအား ထဲထဲဝင်ဝင် လေ့လာသင်ယူခဲ့သည့်အပြင် တီးခတ်တင်ဆက်မှုအတွင်း၌လည်း တရုတ်နိုင်ငံ ရိုးရာဂီတကိုလည်း ထည့်သွင်းပေါင်းစည်းခဲ့သည်။ ဂီတဖျော်ဖြေပွဲ၊ နိုင်ငံတကာ ဂီတပြိုင်ပွဲ စသည့် အခမ်းအနားများတွင် တရုတ်နိုင်ငံ နာမည်ကျော်ဂီတသံစဉ်များ တီးခတ်၍ ဥရောပ ပရိသတ်များထံ တရုတ်ဂီတ၏ တစ်မူထူးခြားသောဆွဲဆောင်မှုကို တင်ဆက်ပြသခဲ့သည်။

၎င်းတို့သည် ဗီယင်နာ အသံထုတ်လွှင့်မှု သံစုံတီးဝိုင်းနှင့်အတူ တရုတ်နိုင်ငံသို့ ပြန်လာ၍ လှည့်လည်ဖျော်ဖြေတင်ဆက်ခဲ့ဖူးပြီး တရုတ်နိုင်ငံနှင့် အနောက်တိုင်း ယဉ်ကျေးမှုဖလှယ်မှုကို တွန်းအားပေးဖော်ဆောင်သည့် တစ်ချိန်တည်းတွင် တရုတ်ကျောင်းသား၊ ကျောင်းသူများကိုလည်း ဂီတလေ့လာသင်ယူမှု အတွေ့အကြုံ မျှဝေပေးခဲ့သည်။

နှစ်ပေါင်းများစွာ ပညာတော်သင်မှုနှင့် လက်တွေ့ဖော်ဆောင်မှုပြီးနောက် ညီအစ်မနှစ်ဦးက ဂီတသင်ကြားမှုလမ်းကြောင်းတွင် ဖြတ်လမ်းဟူ၍ မရှိကြောင်း၊ ခိုင်မြဲသော ဇွဲရှိမှု၊ စိတ်ရှည်မှုနှင့် အဆက်မပြတ် လေ့လာသင်ယူမှုသည် အထူးပင်အရေးကြီးကြောင်း ယူဆကြသည်။

“ကျွန်မတို့က ဒီဂီတလုပ်ငန်းကို ရွေးချယ်လိုက်မှတော့ အစွမ်းကုန် အပြည့်အဝ ကြိုးစားလုပ်ကိုင်ရမှာ ဖြစ်သလို သက်သောင့်သက်သာဖြစ်နေတဲ့ နေရာကနေလည်း ခုန်ထွက်ပြီး ဖြစ်နိုင်ခြေအသစ်တွေကိုလည်း စူးစမ်းရှာဖွေရပါမယ်” ၊ “အနာဂတ်မှာ ကျွန်မတို့က ဒီနှစ်ပိုင်းအတွင်း ရရှိထားတဲ့ ဖျော်ဖြေတင်ဆက်မှု၊ သင်ကြားမှု အတွေ့အကြုံတွေနဲ့ သင်ယူမှုရလဒ်တွေကို တရုတ်နိုင်ငံအတွင်း ပြန်လည်သယ်ဆောင်လာပြီး ဂီတယဉ်ကျေးမှုဖလှယ်ရေးနဲ့ လူရည်ချွန်ပျိုးထောင်မှုကို တွန်းအားပေးရာမှာ ကိုယ်ပိုင်အင်အားနဲ့ အကျိုးဆောင်ပေးဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းတို့က ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

远赴欧洲的青春乐章——双胞胎姐妹以琴声传递中西音乐之美

新华社照片,维也纳,2026年7月26日

黄韵文和黄韵瑜是从事小提琴演奏的双胞胎姐妹,曾在奥地利和德国负笈求学多年。2025年从德国特罗辛根国立音乐学院博士毕业后,两人进入维也纳广播交响乐团担任客席小提琴演奏员。

在欧洲求学工作期间,姐妹二人不仅深耕西方古典音乐,也乐于在演奏中融入中国传统音乐元素,在音乐会、国际音乐比赛等场合演奏中国名曲,向欧洲观众展示中国音乐的独特魅力。她们还曾随维也纳广播交响乐团回国巡演,推动中西方文化交流的同时,也向中国学生分享音乐学习经验。

经过多年的求学和实践,姐妹俩认为,音乐道路没有捷径,坚持、耐心和持续学习尤为重要。“我们既然选择了音乐行业,就要全情投入,也要跳出舒适圈去探索新的可能。”她们说,“未来,我们希望将这些年积累的演出教学经验和学习成果带回国内,在推动音乐文化交流和人才培养中贡献自己的力量。”

图说1:2023年9月13日,在奥地利维也纳,黄韵文(右)和黄韵瑜在维也纳国立音乐与表演艺术大学练习改编的《茉莉花》。 新华社发(韩鹭摄

图说2:2023年10月6日,在奥地利维也纳,黄韵文(左二)和黄韵瑜(左一)在第三届中欧国际艺术双年展开幕式上演奏新华社记者 贺灿铃