တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကာဂျစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဂျင်ဘက်ခ် ကူလူဘာအက်ဗ်တို့ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၅ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကာဂျစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဂျင်ဘက်ခ် ကူလူဘာအက်ဗ်တို့ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၅ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ချိုလ်ပွန်-အက်တာ၊ ကာဂျစ္စတန်နိုင်ငံ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကာဂျစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဂျင်ဘက်ခ် ကူလူဘာအက်ဗ်နှင့် ကာဂျစ္စတန်နိုင်ငံ ချိုလ်ပွန်-အက်တာမြို့တွင် ဇူလိုင် ၂၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့သည့်အတွက် ကာဂျစ္စတန်နိုင်ငံအား တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ဂုဏ်ပြုခဲ့ကာ ယင်းသည် SCO ဘစ်ရှ်ကက် ထိပ်သီးအစည်းအဝေးအတွက် အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဝမ်က အိမ်နီးချင်းကောင်းဟူသည် ရွှေထက်ပိုမိုအဖိုးထိုက်တန်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကာဂျစ္စတန်နိုင်ငံ၏ ယုံကြည်အားထားရသော အိမ်နီးချင်းကောင်းအဖြစ် ထာဝရ ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကာဂျစ္စတန်နိုင်ငံ သမ္မတ ဆာဒီဘာ ဂျပါရော့ဗ်တို့၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တရုတ်နိုင်ငံနှင့် ကာဂျစ္စတန်နိုင်ငံတို့သည် လွန်ခဲ့သောနှစ်များအတွင်း တစ်စိတ်တစ်ဝမ်းတည်းရှိရေး၊ အပြန်အလှန်အကျိုးပြုရေးဟူသော စိတ်ဓာတ်ဖြင့် ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ခဲ့ကာ အိမ်နီးချင်းကောင်းပီသမှု၊ ချစ်ကြည်ရင်းနှီးမှု၊ ဘုံသာယာဝပြောမှုတို့ဖြင့် တရုတ်-ကာဂျစ္စတန် အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ရန် အတူတကွ ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်ဟုလည်း ဝမ်က ပြောသည်။

နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးသည် ယမန်နှစ်အတွင်း သုံးကြိမ်တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးအတွက် လမ်းကြောင်းရေးဆွဲပေးခဲ့သလို အပြန်အလှန်အကျိုးဖြစ်ထွန်းသော ဘက်စုံပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိစေရန် ခိုင်မာအားကောင်းသော အရှိန်အဟုန်များကိုလည်း ဖြည့်တင်းပေးခဲ့သည်ဟု ဝမ်က မှတ်ချက်ပြုခဲ့သည်။ ကာဂျစ္စတန်နိုင်ငံသည်လည်း သမ္မတ ဂျပါရော့ဗ်၏ ဦးဆောင်မှုအောက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အံ့မခန်း တိုးတက်မှုများ ရရှိခဲ့ရာ တရုတ်နိုင်ငံအနေဖြင့် ကာဂျစ္စတန်၏ တိုးတက်မှုများကို မြင်တွေ့ရသည့်အတွက် စိတ်ရင်းမှန်ဖြင့် ဝမ်းမြောက်မိသည်ဟု ဝမ်က ဆက်လက်ပြောသည်။

ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်မှု ၁၀၅ နှစ်မြောက် အထိမ်းအမှတ်ကာလ ဖြစ်သကဲ့သို့ တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ၏ ပထမဆုံးနှစ်လည်းဖြစ်ကြောင်း ဝမ်က ဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် အင်အားတောင့်တင်းသော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရေးနှင့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်းမှတစ်ဆင့် နိုင်ငံပြန်လည်အားသစ်လောင်းမှုကို လက်တွေ့လုပ်ဆောင်ရေးဟူသော ကျယ်ပြန့်သည့် လုပ်ငန်းစဉ်ကို မြှင့်တင်ဖော်ဆောင်နေသည့် တစ်ချိန်တည်းတွင် ကာဂျစ္စတန်နိုင်ငံအနေဖြင့်လည်း ၂၀၃၀ ပြည့်နှစ်အထိ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အား တက်တက်ကြွကြွ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအနေဖြင့် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံပြန်လည်အားသစ်လောင်းမှုကို အတူတကွ ကြိုးပမ်းဖော်ဆောင်ခြင်းအတွက် ကျယ်ပြန့်သော အလားအလာများ ရရှိထားကြောင်း ဝမ်က ပြောသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260725/92b6979c4ab64d07bbf7a1223a262ee3/c.html

........................................................................

(English Version)

Chinese FM holds talks with Kyrgyz counterpart

CHOLPON-ATA, Kyrgyzstan, July 25 (Xinhua) -- Chinese Foreign Minister Wang Yi held talks with Kyrgyz Foreign Minister Jeenbek Kulubaev here on Saturday.

Wang, also a member of the Political Bureau of the Communist Party of China Central Committee, congratulated Kyrgyzstan on successfully hosting the Meeting of the Council of the Ministers of Foreign Affairs of the Shanghai Cooperation Organization (SCO) Member States, saying it had laid a solid foundation for the SCO Bishkek Summit.

Wang said that "a good neighbor is worth more than gold," adding that China will always be a trustworthy good neighbor to Kyrgyzstan. In recent years, under the strategic guidance of Chinese President Xi Jinping and Kyrgyz President Sadyr Japarov, China and Kyrgyzstan have established a comprehensive strategic partnership for a new era in the spirit of solidarity and mutual benefit, and are working together to build a China-Kyrgyzstan community with a shared future featuring good-neighborliness, friendship, and shared prosperity, said Wang.

He noted that the two heads of state met three times last year, charting the course for the development of bilateral relations and injecting strong momentum into deepening all-round mutually beneficial cooperation. Under the leadership of Japarov, Kyrgyzstan has made remarkable achievements in national development, and China is sincerely pleased to see the country's progress, Wang said.

Wang said this year marks the 105th anniversary of the founding of the Communist Party of China and the first year of China's 15th Five-Year Plan. China is advancing the great cause of building a strong country and realizing national rejuvenation through Chinese modernization, while Kyrgyzstan is actively implementing its National Development Program until 2030, he said, noting that the two countries enjoy broad prospects for aligning their development strategies and jointly pursuing development and revitalization.

https://english.news.cn/20260725/92b6979c4ab64d07bbf7a1223a262ee3/c.html

English Caption

Wang Yi, a member of the Political Bureau of the Communist Party of China Central Committee and Chinese foreign minister, holds talks with Kyrgyz Foreign Minister Jeenbek Kulubaev, on July 25, 2026. (Xinhua/Li Renzi)