တရုတ်နိုင်ငံ ကန်းစုပြည်နယ် တိန့်ရှီးမြို့ ဝေ့ယွမ်ခရိုင် တောင်ပေါ် ရေကြီးရေလျှံမှုဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော မီးသတ်ဌာန ကယ်ဆယ်ရေးသမားများအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကန်းစုပြည်နယ် တိန့်ရှီးမြို့ ဝေ့ယွမ်ခရိုင် တောင်ပေါ် ရေကြီးရေလျှံမှုဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော မီးသတ်ဌာန ကယ်ဆယ်ရေးသမားများအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝေ့ယွမ် (ကန်းစု)၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် တိန့်ရှီးမြို့ ဝေ့ယွမ်ခရိုင် ဟွေ့ချွမ်းမြို့နယ်ရှိ စွမ်းရှီမန်ချိုင့်ဝှမ်းသည် မြစ်ညာပိုင်းတွင် ရေတိုမိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပေါ် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး အနီးနားရှိ စခန်းချအလည်အပတ်လာရောက်ကြသည့် ခရီးသွားဧည့်သည်များ ပိတ်မိခဲ့သည်။ ဇူလိုင် ၂၇ ရက် နံနက် ၅ နာရီ ၂၀ မိနစ်အထိ မီးသတ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာန၊ ကျန်းမာရေးကော်မရှင် စသည့် အရေးပေါ် ကူညီကယ်ဆယ်ရေး အင်အားစုများသည် သဘာဝဘေးဒဏ်သင့်နေရာတွင် ပိတ်မိနေသူ ၂၀၇ ဦးကို ရှာဖွေ ကယ်ဆယ်ခဲ့ကြောင်း၊ ယင်းအနက် ၁၀ ဦးသေးဆုံခဲ့ပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကယ်ဆယ်ခံရသူများသည် ထိရောက်စွာ ဆေးကုသမှုရရှိပြီး ပြန်လည်နေရာချထားမှု ရရှိခဲ့ကြောင်း သိရသည်။

သဘာဝဘေး ဖြစ်ပွားပြီးနောက် အဆိုပါဒေသသည် ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အဆင့် ၁ အရေးပေါ် တုံ့ပြန်ရေးကို ချက်ချင်းစတင်ခဲ့ပြီး စက်ယန္တရား စုစုပေါင်း ၁၆၀ ကျော် ထည့်သွင်းအသုံးပြု၍ ကျွမ်းကျင်သော ကယ်ဆယ်ရေးသမား ၁,၀၀၀ ကျော်ကို ဖွဲ့စည်းကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လေးကြိမ်တိုင် လုပ်ဆောင်ခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဝေ့ယွမ်ခရိုင် အစိုးရ၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။ (Xinhua)

..........................

(Chinese Version)

直击甘肃渭源山洪灾害救援现场

新华社照片,渭源(甘肃),2026年7月27日

7月26日下午,甘肃省定西市渭源县会川镇双石门沟因上游短时强降雨引发山洪,导致附近露营游客被困。截至27日5时20分,消防、公安、卫健等应急救援力量在灾害现场搜救被困人员207人,其中有10人遇难,23人受伤,获救人员已得到有效救治和安置。

据渭源县政府介绍,灾害发生后,当地立即启动防汛抗洪Ⅰ级应急响应,累计投入机械设备160多台,组织专业救援人员1000余人完成了四轮现场救援,搜救工作仍在进行中。

图说1、2:7月27日,消防救援人员在渭源县山洪灾害现场进行搜救。 新华社记者 陈斌 摄

图说3:7月27日,一台装载机在渭源县山洪灾害现场开展清淤作业。新华社记者 陈斌 摄