ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI) ငါးနှစ်မြောက် နှစ်ပတ်လည် အဆင့်မြင့်အစည်းအဝေးကို ဇူလိုင် ၂၈ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၂၇ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ အဆင့်မြင့်အစည်းအဝေးသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တက်ရောက်၍ အမှာစကားပြောကြားမည် ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးကို “ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုတိုးတက်မှု အစီအမံ (GDI) ငါးနှစ်မြောက် နှစ်ပတ်လည်မှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ သာယာလှပသည့် အနာဂတ်တည်ဆောက်ရေးဆီသို့” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိကြီးများ၊ “ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI) ချစ်ကြည်ရေးအဖွဲ့ငယ်” အဖွဲ့ဝင်နိုင်ငံများ၏ တရုတ်နိုင်ငံဆိုင်ရာ သံတမန်များ၊ တရုတ်နိုင်ငံအခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးစနစ် အဖွဲ့အစည်းကိုယ်စားလှယ်များ၊ နာမည်ကျော် ကျွမ်းကျင်ပညာရှင်များ စသည့် တရုတ်နိုင်ငံ ပြည်တွင်း၊ ပြည်ပဧည့်သည်တော်များက အစည်းအဝေး တက်ရောက်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI) ဖော်ဆောင်မှုရလဒ်၊ ပူးပေါင်းဆောင်ရွက်မှု အဓိကအချက်များနှင့် ၎င်း၏ ကမ္ဘာ့အကျိုးဆောင်မှုများကို အဓိကထား၍ နက်ရှိုင်းစွာ ဖလှယ်သွားမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

王毅将出席全球发展倡议5周年高级别会议

新华社北京7月27日电 外交部发言人27日宣布:全球发展倡议5周年高级别会议将于7月28日在北京举行。中共中央政治局委员、外交部长王毅将出席高级别会议并致辞。   

发言人说,会议以“全球发展倡议5周年再出发,构建可持续发展的美好未来”为主题。联合国高级官员、“全球发展倡议之友小组”成员国驻华使节、联合国发展系统驻华机构代表、知名专家学者等中外嘉宾将出席会议,围绕全球发展倡议落实成效、合作重点及其世界贡献进行深入交流。(完)