တရုတ်နိုင်ငံ တောင်တရုတ်ပင်လယ် ပင်လယ်ပြင်တစ်နေရာတွင် ခုတ်မောင်းသွားလာနေသော တရုတ်ကမ်းခြေစောင့်တပ် ချွမ်းဆန်းသင်္ဘောကို ၂၀၂၆ ခုနှစ် ဧပြီ ၁၇ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်တရုတ်ပင်လယ် ပင်လယ်ပြင်တစ်နေရာတွင် ခုတ်မောင်းသွားလာနေသော တရုတ်ကမ်းခြေစောင့်တပ် ချွမ်းဆန်းသင်္ဘောကို ၂၀၂၆ ခုနှစ် ဧပြီ ၁၇ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)


ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ “တောင်တရုတ်ပင်လယ် ကယ်ဆယ်ရေး ၁၁၅” သင်္ဘောသည် ဇူလိုင် ၂၅ ရက်တွင် နန်ရှားကျွန်းစုအနီးတစ်ဝိုက် ပင်လယ်ပြင်၌ အန္တရာယ်ကြုံတွေ့ရသော ဗီယက်နမ်သင်္ဘောတစ်စင်းမှ သင်္ဘောသား ၂၉ ဦးကို ရှာဖွေတွေ့ရှိ၍ ကယ်ဆယ်ခဲ့ကြောင်း၊ ထို့နောက် တရုတ်နိုင်ငံသည် သင်္ဘောရေယာဉ်နှင့် ရဟတ်ယာဉ်များစွာ ချက်ချင်းစေလွှတ်၍ ရှာဖွေကယ်ဆယ်ရေး လှုပ်ရှားမှုကို အဆက်မပြတ်လုပ်ဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ဇူလိုင် ၂၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ တရုတ်နိုင်ငံက ဗီယက်နမ်သင်္ဘောသားပေါင်း ၄၇ ဦးကို အောင်မြင်စွာကယ်တင်ခဲ့ပြီး ၎င်းတို့အနက် ဒဏ်ရာရရှိသူများကို ဆေးကုသပေးခဲ့ကာ ကယ်တင်နိုင်ခဲ့သူအားလုံးကို ဗီယက်နမ်ဘက်သို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်း၊ ဗီယက်နမ်သင်္ဘောသည် ဇူလိုင် ၂၄ ရက် ညပိုင်းတွင် အန္တရာယ်တွေ့ကြုံ၍ နစ်မြုပ်ခဲ့ကြောင်း၊ သင်္ဘောပေါ်တွင် စုစုပေါင်း သင်္ဘောသား ၆၂ ဦးရှိပြီး လက်ရှိတွင် အဆက်အသွယ်ပြတ်တောက်နေသည့် သင်္ဘောသားအချို့ရှိနေဆဲဖြစ်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ဗီယက်နမ်သင်္ဘော အန္တရာယ်တွေ့ကြုံပြီးနောက် အမြန်ဆုံး ကယ်ဆယ်မှု လုပ်ဆောင်ပေးခဲ့ပြီး ဗီယက်နမ်ဘက်က ယင်းအပေါ် ကျေးဇူးတင်ရှိသည်ဟု ပြောကြားခဲ့ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

中国外交部:越方对中方第一时间救援越遇险船只表示感谢

新华社北京7月27日电(记者邵艺博、马卓言)中国外交部发言人林剑27日在例行记者会上答问时表示,25日,中国“南海救115”轮在南沙群岛附近海域发现并救起一艘遇险越南籍船舶的29名船员,随后中方立即派出多艘船只和直升机持续开展搜救行动。截至目前,中方共成功救起47名越南船员,对其中伤员进行医治,并有序将全部获救船员移交越方。据了解,越方船舶24日晚遇险沉没,船上共有62名船员,目前还有部分船员失联,搜救工作仍在进行中。  

林剑说,中方在越方船只遇险后,第一时间展开了救援,越方对此表示感谢。(完

图说:4月17日,海警川山舰编队行驶在南海某海域(无人机照片)新华社记者 陈斌