တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်နေသော ဘရာဇီးနိုင်ငံ သမ္မတ လူလာတို့က ၂၀၂၅ ခုနှစ် မေ ၁၃ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်နေသော ဘရာဇီးနိုင်ငံ သမ္မတ လူလာတို့က ၂၀၂၅ ခုနှစ် မေ ၁၃ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘရာဇီးနိုင်ငံ သမ္မတ လူလာတို့သည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ရှီကျင့်ဖိန်က မကြာသေးမီနှစ်များတွင် တရုတ်-ဘရာဇီး အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးနှင့် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုသည် အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိခဲ့ရာ တရုတ်-ဘရာဇီးနှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်နိုင်ငံ ပြည်သူများ ကောင်းကျိုးသုခ မြှင့်တင်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ  ပါဝင်ဆောင်ရွက်ခဲ့သလို ကမောက်ကမဖြစ်နေသော နိုင်ငံတကာအခြေအနေအတွက်လည်း အဖိုးတန်သော တည်ငြိမ်မှုများ ဖြည့်တင်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီ ထူထောင်ခြင်း ၁၀၅ နှစ်ပြည့်နှင့် တရုတ်နိုင်ငံ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အဖွင့်နှစ် ဖြစ်သလို ဘရာဇီးနိုင်ငံသည်လည်း အရေးကြီးသော ပြည်တွင်း နိုင်ငံရေးအစီအစဉ် စတင်တော့မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘရာဇီးနိုင်ငံနှင့်အတူ နှစ်ဖက်နှင့် ဘက်ပေါင်းစုံ မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှုများ တစ်ဆင့်တိုး အားကောင်းလာစေရန်၊ နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၏ ကောင်းမွန်သော အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က အခြေအနေအသစ်၊ စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်ရာတွင် ကမ္ဘာ့တောင်ဘက်ခြမ်း၏ အရေးပါသော အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်နှင့် ဘရာဇီးတို့သည် သမိုင်းကြောင်း မှန်ကန်မှု နှင့် ယဉ်ကျေးမှု တိုးတက်မှု ရှိသည့်တစ်ဖက်တွင် ပြတ်ပြတ်သားသား ရပ်တည်သင့်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးစနစ်ကို ပြုပြင်ပြောင်းလဲ ကောင်းမွန်တိုးတက်စေရန်၊ နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုကို ကာကွယ်ရန်အတွက် ပိုမိုကြီးမားသော အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

နှစ်ဖက်အနေဖြင့် “Greater BRICS ပူးပေါင်းဆောင်ရွက်မှု” အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းမြှင့်တင်ရန်၊ ပူးပေါင်းဆောင်ရွက်ရေး ဦးတည်ချက်ကို တိကျစွာလက်ကိုင်ထားပြီး စည်းလုံးညီညွတ်မှု အရှိန်အဟုန်ကို ထိန်းသိမ်းကာ ပိုမိုများပြားသော ရလဒ်သစ်များဖန်တီးရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ စည်းလုံးညီညွတ်ပြီး ကိုယ့်အားကိုယ်ကိုးကာ အားကောင်းစေရေး စာမျက်နှာသစ်များကို ရေးသားရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘရာဇီးနိုင်ငံ၏  နိုင်ငံတကာ အနေအထားနှင့် အရေးပါသော သြဇာလွှမ်းမိုးမှုကို အထူးအလေးထားကြောင်း၊ ဘရာဇီးနိုင်ငံက မိမိ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းခြင်း၊ ပြည်ပစွက်ဖက်မှုကို ဆန့်ကျင်ခြင်းနှင့် ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ဘရာဇီးနိုင်ငံက အကျိုးသယ်ပိုးမှုများ လုပ်ဆောင်ခြင်းကို ထောက်ခံအားပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံ သမ္မတ လူလာက ဘရာဇီး-တရုတ် ပိုမိုတရားမျှတသော ကမ္ဘာကြီးနှင့် ပိုမို စဉ်ဆက်မပြတ်ဖြစ်သော ကမ္ဘာဂြိုဟ်ကြီးအတွက် အေးအတူပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရာတွင် အပြုသဘောဆောင်သော တိုးတက်မှုများ ရရှိခဲ့ပြီး ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်ကာ နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏသည်လည်း ထပ်မံစံချိန်သစ်တင်ခဲ့ကြောင်း၊ ထို့အပြင် “ဘရာဇီး-တရုတ် ယဉ်ကျေးမှုနှစ်” အစီအစဉ်ဆိုင်ရာ လုပ်ငန်းအသီးသီးက နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ပြည်သူ့သဘောထားအုတ်မြစ်ကို ခိုင်မာစေခဲ့ကြောင်း ပြောကြားခဲ့သည်။    

ဘရာဇီးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဉာဏ်ရည်တု (AI) နည်းပညာ၊ စွမ်းအင် သတ္တုထုတ်လုပ်ရေး စသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် မျှော်လင့်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအမျိုးစုံလင်၍ ပိုမိုများပြားသော အောင်မြင်မှုရလဒ်များ ရရှိစေရေးအတွက် ပိုမိုများပြားသော တရုတ်ကုမ္ပဏီလုပ်ငန်းများ ဘရာဇီးသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ၂၀၂၆ ကမ္ဘာ့ ဉာဏ်ရည်တု ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် ဘရာဇီးက ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပြီး သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော တံခါးဖွင့်လှစ်မှု၊ အားလုံးပါဝင်နိုင်မှု ရှိသည့် ဉာဏ်ရည်တုဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အတွေးအခေါ်များကို အထူးလေးစား ချီးကျူးကြောင်း၊ ဘရာဇီးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံစုံ ညှိနှိုင်းဆောင်ရွက်မှုများကို နီးကပ်စွာ ဆောင်ရွက်ရန်၊ ကုလသမဂ္ဂ၏ အခွင့်အာဏာကို ကာကွယ်ထိန်းသိမ်းရန်၊ BRICS စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ အာဏာနိုင်ငံရေးကို ပြတ်ပြတ်သားသား ကန့်ကွက်ရန်၊ ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် အရေးကြီး ကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းခြင်းကို အခိုင်အမာ ထိန်းသိမ်းထားရန်၊ နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုနှင့် ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်မှုကို အတူတကွ ထိန်းသိမ်းကာကွယ်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………..

(Chinese Version)

习近平同巴西总统卢拉通电话

新华社北京7月27日电 7月27日上午,国家主席习近平应约同巴西总统卢拉通电话。  

习近平指出,近年来,中巴命运共同体建设和两国发展战略对接取得积极进展,为促进中巴两国发展和两国人民福祉发挥重要作用,也为动荡的国际局势注入宝贵的稳定性。今年是中国共产党成立105周年和中国“十五五”开局之年,巴西也将迎来重要国内政治议程。中方愿同巴方进一步加强双边和多边战略协作,延续两国命运共同体建设的良好态势。  

习近平强调,面对新形势、新挑战,中国和巴西作为全球南方重要成员,应当坚定站在历史正确和文明进步一边,为改革完善全球治理体系、捍卫国际公平正义发挥更大建设性作用。双方要携手推动“大金砖合作”高质量发展,把准合作方向,维护团结势头,打造更多成果,谱写全球南方团结自强新篇章。中方高度重视巴方的国际地位和重要影响力,支持巴西维护自身主权独立,反对外来干涉,并为维护地区和世界和平稳定作出巴方的贡献。  

卢拉表示,巴中构建更公正世界和更可持续星球的命运共同体取得积极进展,各领域合作发展迅速,两国贸易额再创新高,“巴中文化年”各项活动进一步夯实两国友好民意基础。巴方期待同中方加强人工智能、能源矿产等领域合作,欢迎更多中国企业赴巴投资,让两国合作更加多元、取得更多成果。巴方祝贺中国成功举办2026世界人工智能大会,高度赞赏习近平主席提出开放包容的人工智能国际合作和全球治理理念。巴方愿同中方密切多边协调,维护联合国权威,加强金砖团结合作,坚定捍卫多边主义,坚决反对强权政治,坚持通过对话协商解决热点问题,共同维护国际公平正义和世界和平稳定。(完)

图说:2025年5月13日下午,国家主席习近平在北京人民大会堂同来华进行国事访问的巴西总统卢拉举行会谈。新华社记者 黄敬文 摄