အမေရိကန်နိုင်ငံ အိမ်ဖြူတော်တွင် အီရတ် ဝန်ကြီးချုပ် Ali al-Zaidi အား ကြိုဆိုနေသော အမေရိကန် သမ္မတ ထရမ့် (အလယ်) ကို 
၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အိမ်ဖြူတော်တွင် အီရတ် ဝန်ကြီးချုပ် Ali al-Zaidi အား ကြိုဆိုနေသော အမေရိကန် သမ္မတ ထရမ့် (အလယ်) ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)


ဝါရှင်တန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် အီရန်နှင့် သဘောတူညီချက်ရရှိရန် အလုံအလောက် စိတ်ရှည်မှုနှင့် အချိန်ရှိကြောင်း၊ သို့သော် အပစ်ရပ်မှုသဘောတူညီချက်အသစ် မရရှိပါက အမေရိကန်သည် အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ ထရမ့်က လက်ရှိတွင် အမေရိကန်-အီရန် ဆွေးနွေးညှိနှိုင်းမှုကို “ကောင်းမွန်စွာ လုပ်ဆောင်” လျက်ရှိကြောင်း၊ “တစ်ခုခုဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်နေပါတယ်။ တကယ်လို့ဖြစ်လာရင် အလွန်ကောင်းတာပေါ့။ တကယ်လို့ မဖြစ်လာဘူးဆို ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ်ရက်က အခြေအနေကို ပြန်ရောက်သွားတာပေါ့” ဟု ထိုနေ့တွင် သမ္မတအထူးလေယာဉ် “Air Force One” ဖြင့် မီချီဂန်ပြည်နယ်သို့ သွားရောက်၍ အခမ်းအနား တက်ရောက်သည့် လမ်းခရီးအတွင်း ပြောကြားခဲ့ကြောင်း သိရသည်။ အမေရိကန်စစ်တပ်သည် လက်ရှိတွင် ကျည်ဆံလက်နက် လက်ကျန်အလုံအလောက်ရှိနေပြီး အမျိုးအစားမတူသော ကျည်ဆံလက်နက် အများအပြားရှိကြောင်းလည်း ၎င်းက ဆိုခဲ့သည်။

ဇူလိုင် ၂၈ ရက်တွင် ခရီးစဉ်လာရောက်မည့် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံဆွေးနွေးမှုနှင့် စပ်လျဉ်း၍ ထရမ့်က ၎င်းတို့နှစ်ဦးသည် အီရန်အရေးနှင့်ပတ်သက်၍ ရပ်တည်ချက်တွင် “ကွဲလွဲမှု အနည်းငယ်ရှိပေမယ့် ယေဘုယျအားဖြင့်ကတော့ အလွန်နီးစပ်ပါတယ်” ဟု ဆိုသည်။

ထရမ့်က ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုအတွက် အခွင့်အရေးတစ်ကြိမ်ပေးရန်အတွက် အီရန်အပေါ်တိုက်ခိုက်မှုအား ယာယီရပ်တန့်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော် သံတမန်ရေးရာ ကြိုးပမ်းမှု မအောင်မြင်ပါက ၎င်းအနေဖြင့် ပိုမိုပမာဏကြီးမားသော စစ်ရေးလှုပ်ရှားမှု ပြန်လည်ဖော်ဆောင်ရန် အမိန့်ချမှတ်နိုင်ကြောင်း ထိုနေ့တွင် အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။ “အချိန်သိပ်မရှိတော့ဘူး၊ အမြန်ဆုံးရှင်းရင်ရှင်း၊ မဟုတ်ရင်လည်း ဒီတိုင်းထားလိုက်ကြတာပေါ့” ဟုလည်း ၎င်းက ဆိုခဲ့သည်။

ထရမ့်က ၎င်းအနေဖြင့် အီရန်အား တိုက်ခိုက်မှု ယာယီရပ်တန့်ခြင်းသည် ကြားဝင်စေ့စပ်ပေးသည့်နိုင်ငံက ၎င်းကို ဆွေးနွေးညှိနှိုင်းမှုအတွက် အခွင့်အရေးတစ်ကြိမ် ထပ်ပေးရန် တောင်းဆိုခြင်းကြောင့် ဖြစ်သည်ဟု ဆိုခဲ့ပြီး ၎င်းအနေဖြင့် အီရန်က သဘောတူညီချက် ရရှိရန်ဆန္ဒရှိသည်ဟု ယူဆကြောင်းလည်း အလေးထား ပြောကြားခဲ့သည်။

အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ လက်ရှိတွင် သက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုသည် အဓိကအားဖြင့် အီရန်နှင့် အိုမန် အကြား၌ လုပ်ဆောင်နေကြောင်း၊ သို့သော် ကာတာ၊ ပါကစ္စတန်၊ အီဂျစ်နှင့် ထရမ့်၏ သားမက် Jared Kushner ၊ သမ္မတ၏ အထူးသံတမန် Steve Witkoff တို့လည်း ပါဝင်နေကြောင်း၊ ဆွေးနွေးညှိနှိုင်းမှု အဓိကအချက်မှာ ဟော်မုဇ်ရေလက်ကြားအား ပြန်လည်ဖွင့်လှစ်ပြီး ဘက်စုံနျူကလီးယား သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုအား ပြန်လည်စတင်ခြင်းနှင့် စပ်လျဉ်းသည့် သဘောတူညီချက်အသစ်တစ်ခုရရှိရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

特朗普:有足够耐心与伊朗达成新协议 否则就开打

新华社华盛顿7月27日电(记者黄强 徐剑梅)美国总统特朗普27日称,他有足够的耐心和时间与伊朗达成协议,但如果达不成新的停火协议,美国将恢复对伊朗军事打击。  

据美国媒体报道,特朗普当天在乘坐“空军一号”前往密歇根州参加活动的途中说,目前美伊谈判“进行良好”,“我认为很可能会发生什么事。如果发生了,那很好;如果没有发生,我们就恢复到两天前的状态”。他还称,美军目前弹药库存充足,有大量不同类型的弹药。  

在谈到即将于28日同到访的以色列总理内塔尼亚胡会谈时,特朗普说,两人在伊朗问题上立场“有一些分歧,但总体来说非常接近”。  

特朗普当天在接受美国阿克西奥斯新闻网站采访时说,他决定暂停对伊朗的打击,以便给谈判一次机会,但如果外交努力失败,他可能下令恢复实施更大规模的军事行动。他还称,“时间不多了。要么速战速决,要么干脆作罢”。  

特朗普称,他之所以暂停打击伊朗,是因为居中斡旋的国家请求他再给谈判一次机会,并强调他认为伊朗有意达成协议。  

据美媒报道,目前相关谈判主要在伊朗和阿曼之间进行,但卡塔尔、巴基斯坦、埃及以及特朗普女婿库什纳、美国总统特使威特科夫也参与其中。谈判重点是达成一项旨在重新开放霍尔木兹海峡并重启关于全面核协议谈判的新协议。(完

图说:7月14日,美国总统特朗普(中)在华盛顿白宫迎候伊拉克总理扎伊迪(未在画面中)新华社发(李源清摄