အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် အရှေ့အလယ်ပိုင်းအခြေအနေနှင့် စပ်လျဉ်း၍ 
လုံခြုံရေးကောင်စီ ကျင်းပသော  အရေးပေါ်တံခါးဖွင့်အစည်းအဝေးကို 
၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- UN Photo/Handout via Xinhua)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် အရှေ့အလယ်ပိုင်းအခြေအနေနှင့် စပ်လျဉ်း၍ လုံခြုံရေးကောင်စီ ကျင်းပသော အရေးပေါ်တံခါးဖွင့်အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- UN Photo/Handout via Xinhua)

ကုလသမဂ္ဂ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ စွန်းလေက ဇူလိုင် ၂၇ ရက်တွင် ကျင်းပသော လုံခြုံရေးကောင်စီ၏ ယူကရိန်းအရေးဆိုင်ရာ အရေးပေါ်တံခါးဖွင့်အစည်းအဝေး၌ ပါဝင်ဆွေးနွေးခဲ့ရာ အရပ်သားများကို ဦးတည်သော မည်သည့် တိုက်ခိုက်မှုများကိုမဆို ရပ်တန့်ရန် တိုက်တွန်းခဲ့ပြီး တိုက်ရိုက်ပါဝင်ပတ်သက်သူတို့အနေဖြင့် တည်တည်ငြိမ်ငြိမ်နှင့် ထိန်းထိန်းသိမ်းသိမ်းရှိရန်၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို တိတိကျကျလိုက်နာရန်၊ အရပ်သားများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများ၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ရန်၊ အခြေအနေ ဖြေလျှော့ရေးအတွက် အစွမ်းကုန်တွန်းအားပေးရန်၊ ငြိမ်းချမ်းရေးကို ဆောလျင်စွာရရှိရေးအတွက် မျှော်လင့်ချက်များရယူရန် တောင်းဆိုခဲ့သည်။

စွန်းလေက လက်ရှိ ယူကရိန်းအရေး အခြေအနေဖြစ်ပေါ်မှုသည် အလွန်စိုးရိမ်ဖွယ်ကောင်းပြီး ပဋိပက္ခပြင်းထန်မှုမှာ စဉ်ဆက်မပြတ် မြင့်တက်လာကြောင်း၊ လက်ရှိဦးစားပေး လုပ်ဆောင်ရသည်မှာ အပစ်ရပ်စဲ၍ စစ်ပွဲရပ်တန့်ရေး အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စစ်ရေးအရှိန်မြင့်တက်လာမှုသည် ပြည်သူများအား ပိုမိုလေးနက်သော ဆင်းရဲဒုက္ခများကိုသာ ယူဆောင်ပေးမည်ဖြစ်ပြီး ဆောလျင်စွာ အပစ်ရပ်စဲ၍ စစ်ပွဲရပ်တန့်ခြင်းသည် တိုက်ရိုက်ပါဝင်ပတ်သက်သူတို့၏ အခြေခံနှင့်ရေရှည်အကျိုးစီးပွားနှင့် ကိုက်ညီမှုရှိသလို နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံမျှော်လင့်ချက်နှင့်လည်း လိုက်လျောညီထွေမှုရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အခြေခံလမ်းကြောင်းမှာ ဆွေးနွေးညှိနှိုင်းမှုကို ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု စွန်းလေက ထောက်ပြခဲ့သည်။ လက်ရှိတွင် အဓိကဘက်အသီးသီး၏ ရပ်တည်ချက်တွင် ကြီးမားသော သဘောကွဲလွဲမှုများ တည်ရှိနေပြီး စေ့စပ်ညှိနှိုင်းမှုလမ်းမှာ ခက်ခဲရှုပ်ထွေးလှကြောင်း၊ သက်ဆိုင်ရာဘက်အသီးသီးအနေဖြင့် ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်းထားရန်၊ နိုင်ငံရေး သဘောဆန္ဒကို ပြသရန်၊ ဆွေးနွေးမှုအတွင်း အပြန်အလှန် ယုံကြည်မှုကို တိုးတက်စေရန်၊ စေ့စပ်ညှိနှိုင်းမှုအတွင်း သဘောတူညီချက်များကို စုဆောင်းရန်၊ ဘက်စုံဖြစ်၍ ရေရှည်တည်တံ့သော၊ စည်းနှောင်မှုရှိသော ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိအောင် ကြိုးပမ်းရန် တရုတ်နိုင်ငံက တောင်းဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

စွန်းလေက ရုရှား၊ ယူကရိန်းနှင့် ဥရောပနိုင်ငံအသီးသီးသည် ရွှေ့ပြောင်း၍မရသော အိမ်နီးချင်းများဖြစ်ရာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှု၊ ဘုံလုံခြုံရေးကို ရှာဖွေမှုသည် တစ်ခုတည်းသော လက်တွေ့ကျသည့် ရွေးချယ်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ ဘက်အသီးသီးအား စစ်အေးအတွေးအခေါ်နှင့် အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများကို စွန့်လွှတ်ရန်၊ ဘုံဖြစ်၍ ဘက်စုံဖြစ်သော၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးအမြင်ကို ကျင့်သုံးရန်၊ အပြန်အလှန်၏ ကျိုးကြောင်းဆီလျော်သော လုံခြုံရေး စိုးရိမ်မှုများကို ကောင်းမွန်သင့်လျော်စွာ ဖြေရှင်းရန်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း အခြေခံမူများကို အပြည့်အဝ၊ အလုံးစုံ၊ ဘက်စုံ လိုက်နာဆောင်ရွက်မှုကို အခြေခံကာ အကျပ်အတည်းအရင်းအမြစ်ကို ဖယ်ရှားရန်၊ မျှတ၍ ထိရောက်ပြီး စဉ်ဆက်မပြတ်ဖြစ်သော ဒေသတွင်းလုံခြုံရေးမူဘောင် တည်ဆောက်မှုကို တွန်းအားပေးရန်၊ ဒေသတွင်း ရေရှည် တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းအရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် တစ်သမတ်တည်း ဖြစ်ပြီး “လုပ်ဆောင်သင့်သည့် အချက် ၄ ချက်” ကို အခြေခံလိုက်နာမှုအဖြစ် အစဉ်တစိုက် ထားရှိကြောင်း စွန်းလေက အလေးအနက်ထား ပြောကြားခဲ့သည်။ နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုတို့ကို လေးစားသင့်ပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် အခြေခံမူအားလုံးကို လိုက်နာသင့်ကာ နိုင်ငံအားလုံး၏ ကျိုးကြောင်းဆီလျော်မှုရှိသော လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အလေးထားသင့်၍ အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အထောက်အကူဖြစ်စေသည့် ကြိုးပမ်းအားထုတ်မှု မှန်သမျှကို ထောက်ခံအားပေးသင့်သည်ဟု တရုတ်နိုင်ငံအနေဖြင့် ယူဆကြောင်း၊ တရုတ်နိုင်ငံသည် အပစ်ရပ်စဲ၍ စစ်ပွဲရပ်တန့်မှုကို အခိုင်အမာ ထောက်ခံပြီး ရုရှား၊ ယူကရိန်း စသည့် သက်ဆိုင်ရာ ဘက်အသီးသီးနှင့် အတူ နီးကပ်သော ဆွေးနွေးမှုများ ထိန်းသိမ်းထားကာ သံတမန်ရေးအတွက် ကူးလူးသွားလာမှုများကို တက်ကြွစွာ လုပ်ဆောင်ကာ မိမိတို့နည်းလမ်းဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းများစွာကို လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ အကျပ်အတည်းအတွက် နိုင်ငံရေးအရ ဖြေရှင်းမှုကို တွန်းအားပေးဆောင်ရွက်ရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း စွန်းလေက ပြောကြားခဲ့သည်။ (Xinhua)

.........................

(Chinese Version)

中方呼吁全力推动乌克兰局势降温

新华社联合国7月27日电(记者吉黎)中国常驻联合国代表团临时代办孙磊27日在安理会乌克兰问题紧急公开会上发言,敦促停止任何针对平民的袭击,呼吁当事方保持冷静克制,严格遵守国际人道法,保护平民和民用基础设施安全,全力推动局势降温,为早日实现和平争取希望。  

孙磊说,当前乌克兰问题局势发展令人担忧,冲突烈度持续升级。当务之急是实现停火止战。战事升级只会给民众带来更沉重的苦难。早日停火止战符合当事方根本和长远利益,也顺应国际社会共同期待。  

孙磊指出,根本之道是坚持对话谈判。当前主要各方立场存在很大分歧,谈判之路艰难曲折。中方呼吁有关各方保持接触,展现政治意愿,在对话中增进互信,在谈判中积累共识,争取达成全面、持久、有约束力的和平协议。  

孙磊表示,俄罗斯、乌克兰和欧洲各国是搬不走的邻居,实现和睦相处、寻求共同安全是唯一现实选择。中方呼吁相关各方摒弃冷战思维和阵营对抗,践行共同、综合、合作、可持续的安全观,妥善解决彼此合理安全关切,在充分、完整、全面遵循联合国宪章原则基础上消除危机根源,推动构建均衡、有效、可持续的地区安全架构,实现地区长治久安。  

孙磊强调,中方在乌克兰问题上的立场一以贯之,始终以“四个应该”为根本遵循。中方认为,各国主权和领土完整都应该得到尊重,联合国宪章宗旨和原则都应该得到遵守,各国合理安全关切都应该得到重视,一切有利于和平解决危机的努力都应该得到支持。中方坚定支持停火止战,同俄罗斯、乌克兰等有关各方保持密切沟通,积极开展穿梭外交,以自己的方式做了很多劝和促谈工作。中方愿同国际社会一道,继续为推动危机的政治解决发挥建设性作用。(完)

图说:7月13日,在位于纽约的联合国总部,联合国安理会就中东局势举行紧急公开会。新华社发(联合国供图/曼努埃尔·伊莱亚斯摄)