
ဘစ်ရှ်ကက်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
“SCO အင်အားများစုစည်း၍ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်ဝပြောမှုအား အတူမျှဝေခြင်း” ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) တည်ထောင်ခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ဇူလိုင် ၂၇ ရက်တွင် ကာဂျစ္စတန်နိုင်ငံ မြို့တော်ဘစ်ရှ်ကက်၌ ကျင်းပခဲ့သည်။
ယခုအကြိမ်ပြပွဲကို SCO အတွင်းရေးမှူးရုံးနှင့် ဆင်ဟွာသတင်းဌာနတို့မှ ပူးတွဲကြီးမှူးကျင်းပခြင်းဖြစ်ပြီး China Photo Service မှ တာဝန်ယူကျင်းပခြင်းဖြစ်သည်။ ပြပွဲတွင် “အတူလက်တွဲရှေ့ဆက်ခြင်း ၂၅ နှစ်တာ” ၊ “အခြေခံအုတ်မြစ်အား ခိုင်မြဲစွာတည်ဆောက်၍ ငြိမ်းချမ်းရေးအား ထိန်းသိမ်းစောင့်ရှောက်ခြင်း” ၊ “စည်ပင်ဝပြောစွာ အတူယှဉ်တွဲနေထိုင်မှုဖြင့် အခွင့်အလမ်းများ ဖန်တီးခြင်း” ၊ “စိတ်နှလုံးချင်း ပေါင်းကူးချိတ်ဆက်၍ အနာဂတ်များ အတူဖော်ဆောင်ခြင်း” ၊ “အေးအတူပူအမျှ စာမျက်နှာသစ်” ဟူ၍ အပိုင်း ၅ ပိုင်းပါဝင်ပြီး အဖိုးတန်ဓာတ်ပုံ ၃၂ ပုံဖြင့် SCO တိုးတက်လာသည့် သမိုင်းလမ်းကြောင်းကို ရေးခြယ်ပုံဖော်ထားကာ လက်တွေ့ပူပေါင်းဆောင်ရွက်မှု၏ နွေးထွေးသက်ဝင်မှု အခိုက်အတန့်များကို အမိအရရိုက်ကူးဖော်ပြထားသလို ပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်သည့် နွေးထွေးသောအပြုံးမျက်နှာများကိုလည်း မှတ်တမ်းတင်ထားသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
“凝聚上合力量 共享繁荣发展”——庆祝上海合作组织成立25周年图片展在比什凯克举行
新华社照片,比什凯克,2026年7月27日
“凝聚上合力量 共享繁荣发展”——庆祝上海合作组织成立25周年图片展7月27日在吉尔吉斯斯坦比什凯克举行。
本次展览由上海合作组织秘书处和新华通讯社联合主办,中国图片社承办。展览分为“携手同行廿五载”“筑牢基石护和平”“繁荣共生创机遇”“心桥相连共未来”“命运与共新篇章”5个部分,通过32幅珍贵影像,勾勒出上合组织成长的历史轨迹,定格务实合作的动人瞬间,记录民心相通的温暖笑容。
图说1、2、3:7月27日,嘉宾在吉尔吉斯斯坦首都比什凯克参观“凝聚上合力量 共享繁荣发展”——庆祝上海合作组织成立25周年图片展。 新华社记者 冯开华 摄








