ဂျပန်နိုင်ငံ တိုကျိုမြို့တွင် လက်ကိုင်ဖုန်းပေါ်မှ ငလျင်အချက်အလက်များကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် လက်ကိုင်ဖုန်းပေါ်မှ ငလျင်အချက်အလက်များကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


တိုကျို/ဆိုးလ်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ခူမာမိုတိုစီရင်စုတွင် ဇူလိုင် ၂၈ ရက်က ပြင်းအား ၇.၁ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ အပြင်းဆုံး ငလျင်ပြင်းအားသည် အဆင့် ၇ အထိ ရောက်ရှိခဲ့သည်။ ဂျပန်မိုးလေဝသ အေဂျင်စီက ငလျင်ဗဟိုချက် အနီးတစ်ဝိုက်ရှိ ပင်လယ်ပြင် ကမ်းရိုးတန်းဒေသများတွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး အမြင့်ဆုံးလှိုင်းလုံးအမြင့်သည် ၁ မီတာအထိရှိနိုင်သည်ဟု ခန့်မှန်းခဲ့သည်။

ငလျင်သည် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၇ မိနစ် (ပေကျင်းစံတော်ချိန် ညနေ ၃ နာရီ ၂၇ မိနစ်) ခန့်တွင် လှုပ်ခတ်ခဲ့ကြောင်း၊ ငလျင်ဗဟိုချက်သည် မြောက်လတ္တီကျု ၃၂.၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၃၀.၇ ဒီဂရီတွင်ဖြစ်ပြီး ငလျင်အနက်မှာ ၁၀ ကီလိုမီတာခန့်ဖြစ်ကြောင်း၊ ပြင်းအား ၇.၁ အဆင့်ရှိငလျင် လှုပ်ခတ်ပြီးနောက် မိနစ် ၂၀ အတွင်း ပြင်းအား အဆင့် ၄ ခန့်ရှိ နောက်ဆက်တွဲငလျင်များ အကြိမ်များစွာ ဆက်တိုက်လှုပ်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ဆိုခဲ့သည်။ ရုပ်မြင်သံကြား မြင်ကွင်းများအရ ခူမာမိုတိုစီရင်စုတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားကြောင်း တွေ့မြင်ရသည်။

ဂျပန်မိုးလေဝသ အေဂျင်စီက သတ်မှတ်ထားသော ငလျင်ပြင်းအားသည် ၀ မှ ၄ ၊ ၅ ပျော့၊ ၅ ပြင်း၊ ၆ ပျော့၊ ၆ ပြင်းနှင့် ၇ ဟူ၍ နိမ့်ရာမှ မြင့်ရာသို့  အဆင့် ၁၀ ဆင့်ရှိသည်။ ပြင်းအား ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ချိန်တွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်မှုကြောင့် လူသည် မတ်တတ်ရပ်၍ပင်မရကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ဆိုသည်။

ထို့ပြင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အခြေစိုက် ဆင်ဟွာသတင်းဌာန သတင်းထောက်၏ သတင်းဖော်ပြချက်အရ ဂျပန်နိုင်ငံ၏ ယခုအကြိမ် ငလျင်ရိုက်ခတ်မှုကြောင့် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင်လည်း ငလျင်ဒဏ်ခံစားရပြီး ဒေသခံပြည်သူအချို့ အရေးပေါ်အန္တရာယ်မှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

日本熊本发生7.1级地震 20分钟内余震不断

新华社东京/首尔7月28日电(记者李子越 张粲)日本熊本县28日发生7.1级地震,最大震度达7。日本气象厅对震中附近海域沿岸发布海啸预警,预计最大浪高可达1米。  

日本气象厅说,地震发生在当地时间16时27分(北京时间15时27分)许,震中位于北纬32.6度、东经130.7度,震源深度约10公里。7.1级地震发生后,在20分钟内接连多次发生4级左右余震。电视画面显示,熊本县震动强烈。  

日本气象厅设定的地震震度由弱到强分别为0至4、5弱、5强、6弱、6强和7,共10个等级。日本气象厅说,发生震度7的地震时,强烈摇晃将使人无法站立。  

另据新华社驻首尔记者报道,受日本此次地震影响,韩国釜山有震感,部分居民紧急避险。(完

图说:这是7月28日在日本东京拍摄的显示地震信息的手机画面新华社记者 贾浩成