
ဝါရှင်တန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
အစ္စရေးနှင့် လက်ဘနွန်တို့သည် နောက်တစ်ကြိမ် ဆွေးနွေးပွဲများကို အီတလီနိုင်ငံ မြို့တော်ရောမတွင် ဩဂုတ် ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက်၌ ပြောကြားခဲ့သည်။
အမေရိကန်မှ ကြားဝင်ညှိနှိုင်းပေးသော အဆိုပါဆွေးနွေးပွဲသည် "ရှေ့ပြေးစမ်းသပ်ဇုန်လုပ်ငန်းစဉ် တိုးချဲ့ရေး၊ ကျန်ရှိနေသော နယ်စပ်ကိစ္စရပ်အားလုံး ဖြေရှင်းရေး၊ ဘက်စုံငြိမ်းချမ်းရေးနှင့် လုံခြုံရေး သဘောတူညီချက်နှင့်ပတ်သက်၍ ဆောင်ရွက်ခြင်း" အပါအဝင် အစ္စရေး-လက်ဘနွန် မူဘောင်သဘောတူညီချက် အပြည့်အဝအကောင်အထည်ဖော်ရေး တိုးတက်စေရန် အဓိကအာရုံစိုက်မည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ ဖော်ပြခဲ့သည်။
အဆိုပါမူဘောင်သဘောတူညီချက်မှာ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား မတ် ၂ ရက်၌ စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ယင်းပဋိပက္ခ အဆုံးသတ်ရေးအတွက် တိုက်တွန်းထားသည်။ ထိုမူဘောင်သဘောတူညီချက်က လက်ဘနွန်တောင်ပိုင်းရှိ "ရှေ့ပြေးစမ်းသပ်ဇုန်" နှစ်ခုမှ အစ္စရေးတပ်ဖွဲ့များ တဖြည်းဖြည်းဆုတ်ခွာရန်နှင့် ၎င်းတောင်ပိုင်းတွင် လက်ဘနွန်စစ်သည်များအား ဖြန့်ကြက်ချထားရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)
.......................................................................
(English Version)
Israel, Lebanon to hold talks next week
WASHINGTON, July 28 (Xinhua) -- The U.S. State Department said on Monday that Israel and Lebanon will hold the next round of talks in Rome, Italy, on Aug. 4-6.
The U.S.-brokered talks will focus on advancing the full implementation of the Israel-Lebanon framework agreement, including "expanding the pilot zone process, resolving all outstanding border issues, and working on a comprehensive peace and security agreement," AFP reported, quoting a State Department official.
The framework deal emerged after war broke out between Israel and Hezbollah on March 2, calling for an end to the conflict. It also demands that Israeli forces steadily withdraw from two "pilot zones" in southern Lebanon and that Lebanese troops be deployed in the south. ■
English Caption
This photo taken on July 15, 2026 shows an exterior view of the U.S. Embassy in Rome, Italy, where the talks between Israel and Lebanon take place. (Xinhua/Wang Kaiyan)








