တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ရှိ China Southern Power Grid ကုမ္ပဏီလီမိတက် ကွမ်ကျိုးဓာတ်အားခွဲရုံ အသိပညာပေးစင်တာ၌ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသော အာဆီယံနိုင်ငံများမှ ပင်မမီဒီယာ သတင်းထောက်နှင့် ဆိုရှယ်မီဒီယာ influencers များအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် တွေ့မြင်ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ရှိ China Southern Power Grid ကုမ္ပဏီလီမိတက် ကွမ်ကျိုးဓာတ်အားခွဲရုံ အသိပညာပေးစင်တာ၌ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသော အာဆီယံနိုင်ငံများမှ ပင်မမီဒီယာ သတင်းထောက်နှင့် ဆိုရှယ်မီဒီယာ influencers များအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် တွေ့မြင်ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ယခုနှစ်သည် တရုတ်နိုင်ငံနှင့် အာဆီယံက ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ထောင်ခြင်း ၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်သည်။ အာဆီယံနိုင်ငံများ ပင်မမီဒီယာမှ သတင်းထောက်နှင့် ဆိုရှယ်မီဒီယာ Influencers ၂၀ ကျော်သည် ဇူလိုင် ၂၇ ရက်တွင် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်သို့ လာရောက်ခဲ့ရာ နှစ်ဖက်လူမှုယဉ်ကျေးမှုဖလှယ်ရေးကို တစ်ဆင့်တိုး နက်ရှိုင်းစေခဲ့သည်။

ကွမ်ကျိုးမြို့တွင် ၁၁၀ KV လျဲ့ချောင် ဓာတ်အားခွဲရုံသည် အပြင်ပန်း ဖွေးဆွတ်နေပြီး ညအချိန်ရှုခင်းတွင် မီးအလင်းရောင်နှင့် ကွမ်ကျိုးတာဝါသည် အပြန်အလှန် ပနံသင့်နေသဖြင့် မြို့သူမြို့သားများက “လရောင်ရတနာသေတ္တာ” ဟုပင် တင်စားခေါ်ဝေါ်ကြသည်။ ၎င်း၏ဝရန်တာအမိုးတွင် တပ်ဆင်ထားသော လျှပ်စစ်ထုတ်လုပ်နိုင်သည့် ဖန်သားပြင်သည် တစ်နှစ်လျှင်ပျမ်းမျှ လျှပ်စစ်ယူနစ် ၂၀,၀၀၀ ခန့် ထုတ်လုပ်နိုင်သဖြင့် ဓာတ်အားခွဲရုံ၏ ကာဗွန်နည်း စွမ်းအင်ချွေတာမှုကို ဖော်ဆောင်နိုင်ခဲ့သည်။ China Southern Power Grid ကွမ်တုန်း ကွမ်ကျိုး လျှပ်စစ်ဓာတ်အားဖြန့်ချိရေးဌာန ဝန်ထမ်း၏ မိတ်ဆက်ပြောကြားချက်အရ ၁၁၀ KV လျဲ့ချောင် ဓာတ်အားခွဲရုံသည် သမားရိုးကျ ဓာတ်အားခွဲရုံ၏ တစ်ခုတည်းသောလုပ်ဆောင်ချက် အခြေခံပေါ်တွင် အများပြည်သူလာရောက်နိုင်မှုနှင့် သိပ္ပံအသိပညာပေးမှု လုပ်ဆောင်ချက်များပါ ထပ်တိုးထားကြောင်း သိရသည်။

“ဒီနေရာကို မရောက်ခင်တုန်းက ဓာတ်အားခွဲရုံကလည်း ဒီလိုမျိုး လှပတဲ့အဆောက်အအုံတစ်ခုဖြစ်နိုင်တယ်လို့ ကျွန်တော် မထင်ထားမိဘူး။ နောက်ပြီး အစိမ်းရောင်ဖြစ်သလို ကာဗွန်ထုတ်လွှတ်မှုလည်း ချွေတာရာကျပါတယ်” ဟု မြန်မာနိုင်ငံမှ Content ဖန်တီးသူ ကိုစိန်ဖြိုးလှိုင်က ပြောကြားခဲ့သည်။ “လာရောက်လေ့လာသူတွေက လျှပ်စစ်ဓာတ်အားဆိုင်ရာ အသိပညာဗဟုသုတတွေ သိနိုင်တဲ့အပြင် ဝရန်တာမှာလည်း လှပတဲ့ရှုခင်းကို ရှုစားလို့ရပါတယ်။ ကျွန်တော်ဒီနေရာကို အရမ်းသဘောကျပါတယ်” ဟု ၎င်းကဆိုသည်။

ကွမ်ကျိုး XAG နည်းပညာကုမ္ပဏီတွင် စမတ်ရေနှင့်မြေဩဇာထည့်သွင်းမှုစနစ်နှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဒရုန်းများက မီဒီယာအဖွဲ့၏ အမြင်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ XAG နည်းပညာကုမ္ပဏီတွင် ပြည်သူ့ရေးရာ မန်နေဂျာ ထော်ဟုန်ယန့်က XAG နည်းပညာကုမ္ပဏီသည် တစ်ကမ္ဘာလုံး နိုင်ငံနှင့် ဒေသပေါင်း ၇၀ နီးပါးကို လွှမ်းခြုံထားသည့် ရောင်းချရေးကွန်ရက် တည်ဆောက်ထားပြီးဖြစ်ရာ ပြည်ပဝင်ငွေသည် အရေးကြီးသည့် လုပ်ငန်းတိုးတက်မှုမောင်းနှင်အား ဖြစ်လာပြီး ၂၀၂၅ ခုနှစ် စုစုပေါင်းဝင်ငွေ၏ ၃၅.၉ ရာခိုင်နှုန်းရှိကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ ဖေးလုန်ကွန်ရက်မှ သတင်းထောက် ဟုန်ခွိုက်လော့က “နည်းပညာက စိုက်ပျိုးလုပ်ငန်းကို ပိုမိုစမတ်ဖြစ်လာအောင် လုပ်ပေးနေပါတယ်။ အခု လူငယ်အများအပြားက ဒရုန်းကို အသုံးပြုရတာ သဘောကျလာကြပါတယ်။ စိုက်ခင်းတွေမှာ ဒရုန်း စတဲ့ စမတ်စက်ပစ္စည်းတွေကို ပိုမိုအသုံးပြုလာချိန်မှာတော့ ဒီလုပ်ငန်းမှာ လူငယ်တွေပိုမိုပါဝင်လုပ်ကိုင်လာအောင် ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ချင်းယွမ်မြို့ ချင်းရှင်းခရိုင် ဆန်းခန်းမြို့နယ် ဆန်းဟယ်ရွာတွင် စိုက်ပျိုးရေးလုပ်ငန်းသုံးအိမ်အဟောင်း အလုံး ၃၀ နဲ့ မြေလပ်နေရာ တရုတ်မူ (Mu) ၃၀ ကို တည်းခိုခန်းအဖြစ် အသက်သွင်းပြောင်းလဲလိုက်ရာ ကျေးလက်လက္ခဏာကို ထိန်းသိမ်းထားနိုင်သည့် တစ်ချိန်တည်းတွင် ယနေ့ခေတ်လူနေမှုဘဝပုံစံများလည်း ထည့်သွင်းလိုက်သဖြင့် ရွာသူ၊ ရွာသားများ ဝင်ငွေတိုး ကြွယ်ဝလာစေရန် ဆောင်ရွက်ပေးလိုက်သည်။

“ဒါကကျွန်မ ကွမ်တုန်းကို ဒုတိယအကြိမ်လာတာပါ။ ဒီနေရာက တိုးတက်မှုအရမ်းမြန်တယ်၊ နောက်ပြီး ညစ်ညမ်းမှုတွေ မတွေ့ရသလောက်ပါပဲ” ဟု အင်ဒိုနီးရှားနိုင်ငံမှ Content ဖန်တီးသူ Selly Gouw က ဆိုခဲ့သည်။ “ကျွန်မအနေနဲ့ ပညာပေးသင်ကြားရေးအနက်အဓိပ္ပာယ်ရှိသလို စိတ်ဝင်စားဖို့လည်းကောင်းတဲ့နည်းလမ်းနဲ့ အင်ဒိုနီးရှားက ပရိသတ်တွေအတွက် တရုတ်နိုင်ငံရဲ့ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနဲ့ မြို့ပြကျေးလက်အသွင်သဏ္ဌာန်တွေကို မိတ်ဆက်ပေးချင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယခုအကြိမ်ခရီးစဉ်လှုပ်ရှားမှုကို ဇူလိုင် ၃၀ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ ဆက်လက်ပြီး မီဒီယာအဖွဲ့က တုန်းကွမ်၊ ဆန်းကျန့် စသည့်မြို့များသို့လည်း သွားရောက်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် ဒစ်ဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ဆန်းသစ်တီထွင်ရေးသီတင်းပတ်လည်း တက်ရောက်ကာ ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်အော်ဒေသ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှု၊ အစိမ်းရောင်အသွင်ပြောင်း ဖွံ့ဖြိုးတိုးတက်မှု၏ လက်တွေ့ပြောင်းလဲမှုများကို ကိုယ်တိုင်သွားရောက် လေ့လာကြည့်ရှုမှုဖြင့် မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

东盟记者走访广东 见证城乡绿色发展

新华社广州7月28日电(记者杨深深)今年是中国和东盟建立全面战略伙伴关系5周年。27日,20余名来自东盟的主流媒体记者和网络达人来到广东,进一步深化双方人文交流。  

在广州,110千伏猎桥变电站外表洁白如玉,夜景灯光与广州塔相互映衬,被市民称作“月光宝盒”。其天台顶棚铺设的发电玻璃,年平均发电量约2万度,实现变电站的低碳节能。南方电网广东广州供电局工作人员介绍,110千伏猎桥站在传统变电站单一功能性的基础上增加了公共性和科普性。  

“在来到这里之前,我没想到变电站也可以是一栋漂亮的建筑,而且还非常绿色和低碳。”来自缅甸的内容创作者盛漂莱说,“参观者不仅可以了解电力知识,还能在天台欣赏美丽的风景,我真的很喜欢这里。”

在广州极飞科技股份有限公司,一套智能水肥灌溉系统和一架架农业无人机吸引媒体团驻足。极飞科技公共事务经理妥红艳介绍,极飞科技已建立覆盖全球近70个国家和地区的经销商网络,海外收入已成为重要增长引擎,占2025年总收入的35.9%。  

来自菲律宾菲龙网的记者洪快乐说:“科技正让农业变得更智能。现在很多年轻人喜欢玩无人机,当越来越多的农田里运用了无人机等智能设备,相信会吸引更多年轻人投身这个行业。”

在清远市清新区三坑镇三和村,30户旧农房和30亩闲置用地被活化改造为民宿,在保留乡村肌理的同时注入现代生活方式,带动村民增收致富。  

“这是我第二次来到广东,这里的发展速度很快,而且我几乎没有看到什么污染。”来自印度尼西亚的内容创作者吴仪平说,“我希望通过既有教育意义又有趣的方式,为印度尼西亚的观众介绍中国的绿色发展和城乡面貌。”

此次活动将持续至30日。接下来,媒体团还将走进东莞、深圳等城市,并参加2026亚太数智经济可持续发展创新周,以实地探访记录粤港澳大湾区数字化、绿色化发展的真实变化。(完)

图说1:7月27日,来自东盟的主流媒体记者和网络达人在南方电网广州变电站科普中心合影留念。新华社记者 邓华 摄

图说2:7月27日,在南方电网广州变电站科普中心,来自缅甸的自媒体博主接受采访。新华社记者 邓华 摄