
ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
တရုတ်-EU ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးမှုအား မြှင့်တင်ရာတွင် ဆလိုဗက်ကီးယားနိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ဟု တရုတ်နိုင်ငံအနေဖြင့် မျှော်မှန်းကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇူလိုင် ၂၈ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် EU အား မိတ်ဖက်အဖြစ် အမြဲတမ်း ရှုမြင်လာခဲ့ပြီး EU နှင့် ဆက်ဆံရေးအား စိတ်ရင်းစေတနာမှန်၍ ချစ်ကြည်ရင်းနှီးမှုဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း ရှီက ဆလိုဗက်ကီးယားနိုင်ငံ သမ္မတ Peter Pellegrini နှင့် တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
.......................................................................
(English Version)
Xi calls on Slovakia to play constructive role in advancing China-EU ties
BEIJING, July 28 (Xinhua) -- China hopes Slovakia will play a constructive role in promoting the sound and steady growth of China-EU relations, Chinese President Xi Jinping said on Tuesday.
China has always viewed the EU as a partner and develops ties with the EU with sincerity and goodwill, Xi said when holding talks with his Slovak counterpart Peter Pellegrini in Beijing. ■
English Caption
Chinese President Xi Jinping holds a welcome ceremony for Slovak President Peter Pellegrini in the Northern Hall of the Great Hall of the People prior to their talks in Beijing, capital of China, July 28, 2026. (Xinhua/Ding Lin)








