တရုတ်နိုင်ငံ လျောင်နင်ပြည်နယ်၊ တာ့လျန်မြို့ရှိ ချန်ဆန်းကျွန်းစု ရှုခင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ လျောင်နင်ပြည်နယ်၊ တာ့လျန်မြို့ရှိ ချန်ဆန်းကျွန်းစု ရှုခင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင်ကျင်းပသော ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ ၄၈ ကြိမ်မြောက်အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ ပင်လယ်ဝါ-ပေါ်ဟိုင် ပင်လယ်ကွေ့ (Coast of Yellow Sea-Bohai Gulf of China) ကမ်းရိုးတန်း တစ်လျှောက်ရှိ ရွှေ့ပြောင်းငှက်များနေထိုင်ကျက်စားရာ ကမ္ဘာ့သဘာဝအမွေအနှစ်နေရာ နယ်နိမိတ်ပြင်ဆင်မှု စီမံကိန်းကို ပေကျင်းစံတော်ချိန် ၂၇ ရက်တွင် အတည်ပြုခဲ့သည်။ တရုတ်နိုင်ငံ လျောင်နင်ပြည်နယ်၊ တာ့လျန်မြို့၊ ချန်ဆန်းကျွန်းစုရှိ ရွှေ့ပြောင်းငှက်များနေထိုင်ကျက်စားရာနေရာကို ကမ္ဘာ့သဘာဝအမွေအနှစ်နေရာတွင် အောင်မြင်စွာထည့်သွင်းနိုင်ခဲ့ကြောင်း သတင်းထောက်က တရုတ်နိုင်ငံ အမျိုးသား သစ်တောနှင့်မြက်ခင်းပြင်ရေးရာ စီမံခန့်ခွဲရေးဌာနမှ သိရှိရသည်။

ယင်းမှာ တရုတ်နိုင်ငံ၏ ပင်လယ်ဝါ- ပေါ်ဟိုင် ပင်လယ်ကွေ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ရွှေ့ပြောင်းငှက်များနေထိုင်ကျက်စားရာနေရာ အမွေအနှစ်များကို ၂၀၂၄ ခုနှစ် နောက်ပိုင်းတွင် ထပ်မံတိုးချဲ့ခြင်းဖြစ်ပြီး ပင်လယ်ဝါ- ပေါ်ဟိုင် ရွှေ့ပြောင်းငှက်ကျက်စားရာနေရာ အမွေအနှစ်များ၏ ပြည့်စုံမှုကို တစ်ဆင့်တိုး မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။ ချန်ဆန်းကျွန်းစုသည် ပင်လယ်ဝါ မြောက်ပိုင်းတွင် တည်ရှိပြီး အရှေ့အာရှ-ဩစတြေးလေးရှား ရွှေ့ပြောင်းငှက်ပျံသန်းရာလမ်းကြောင်း၏ မဖြစ်မနေဖြတ်သန်းရာ ပင်လယ်ပြင်လမ်းကြောင်းဖြစ်သလို သန်းနှင့်ချီသော ရွှေ့ပြောင်းငှက်များ ပေါ်ဟိုင်ပင်လယ်ကို ဖြတ်သန်းရာတွင် အရေးပါသော စွမ်းအင်ဖြည့်တင်းသည့် ကျွန်းစုတစ်ခုလည်း ဖြစ်သည်။ (Xinhua)

.............................

(Chinese Version)

辽宁长山群岛候鸟栖息地成功纳入世界自然遗产

新华社北京7月27日电(记者黄垚、张博群)记者从国家林业和草原局获悉,在韩国釜山召开的联合国教科文组织第48届世界遗产大会,于北京时间27日审议通过了中国黄(渤)海候鸟栖息地世界自然遗产边界调整项目,辽宁大连长山群岛候鸟栖息地成功纳入世界自然遗产。  

这是中国黄(渤)海候鸟栖息地系列遗产继2024年后实现再次扩展,进一步提升了黄(渤)海候鸟栖息地系列遗产的完整性。长山群岛地处黄海北部,是东亚—澳大利西亚候鸟迁飞区海上必经之路,也是千万候鸟跨渤海迁徙过程中重要的能量补给岛群。  

图说1:这是2022年9月拍摄的长山群岛一景(无人机照片)。新华社发(贾亦飞 摄)

图说2:这是2019年12月拍摄的长山群岛上的海鸬鹚和暗绿背鸬鹚等。新华社发(张忠民 摄)