
ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် နိုင်ငံတော်မှ ပံ့ပိုးသော ကျောင်းသားချေးငွေအစီအစဉ်အရ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ ချေးငွေစုစုပေါင်း ယွမ် ၆၉၅.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၂.၄၃ ဘီလီယံခန့်) ထုတ်ပေးခဲ့ပြီး ကျောင်းသားဦးရေ ၃၀ သန်းကျော်ကို အကျိုးရှိစေခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ဇူလိုင် ၂၈ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်မှစ၍ ကျောင်းသားတစ်ဦးလျှင် နှစ်စဉ် ယွမ် ၆,၀၀၀ မှ ဘွဲ့ကြိုကျောင်းသားများနှင့် သက်မွေးပညာသင်ကောလိပ်ကျောင်းသားများအတွက် ယွမ် ၂၀,၀၀၀ နှင့် ဘွဲ့ရကျောင်းသားများအတွက် ယွမ် ၂၅,၀၀၀ အထိ ကျောင်းသားချေးငွေပမာဏကို တဖြည်းဖြည်း တိုးမြှင့်လာခဲ့သည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
.......................................................................
(English Version)
China issues 696 bln yuan in state-funded student loans: ministry
BEIJING, July 28 (Xinhua) -- China's state-funded student loan program had issued a total of 695.8 billion yuan (around 102.43 billion U.S. dollars) in loans by the end of 2025, benefiting more than 30 million students, the Ministry of Education said Tuesday.
Since 2012, China has gradually raised the ceiling for student loans from 6,000 yuan per student annually to 20,000 yuan for undergraduate and vocational college students and 25,000 yuan for graduate students, the ministry said. ■
English Caption
Students pose for a photo with a teacher outside a national college entrance examination site in Gaomi, east China's Shandong Province, June 7, 2026. (Photo by Li Haitao/Xinhua)








