ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် Think Tank ထိပ်သီးအစည်းအဝေး၌ ကာဂျစ္စတန်နိုင်ငံ ကဘာသတင်းဌာန (Kabar News Agency) မှ ဒါရိုက်တာ မီဒါဘက်ခ် ရှာမီတာလီအက်ဗ် အမှာစကားပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် Think Tank ထိပ်သီးအစည်းအဝေး၌ ကာဂျစ္စတန်နိုင်ငံ ကဘာသတင်းဌာန (Kabar News Agency) မှ ဒါရိုက်တာ မီဒါဘက်ခ် ရှာမီတာလီအက်ဗ် အမှာစကားပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘစ်ရှ်ကက်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

“ရှန်ဟိုင်းစိတ်ဓာတ်၏ ခေတ်သစ်ကာလ အနက်အဓိပ္ပာယ် - ဘုံတန်ဖိုးများမှ ပူးပေါင်းဆောင်ရွက်မှု လက်တွေ့ဖော်ဆောင်ခြင်းဆီသို့” ဟူသော အကြောင်းအရာဖြင့် ကျင်းပလျက်ရှိသော ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် Think Tank ထိပ်သီးအစည်းအဝေးကို ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့တွင် ဇူလိုင် ၂၇ ရက်က ဖွင့်လှစ်ကျင်းပခဲ့သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးသို့ SCO အဖွဲ့ဝင်နိုင်ငံများ၏ ပင်မမီဒီယာအဖွဲ့အစည်းများ၊ ထိပ်တန်း Think Tank အဖွဲ့များ၊ သက်ဆိုင်ရာအစိုးရဌာနများနှင့် SCO အထွေထွေအတွင်းရေးမှူးချုပ်ရုံး စသည့် အဖွဲ့အစည်း ၁၅၀ နီးပါးမှ ကိုယ်စားလှယ် ၂၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနား၌ ကာဂျစ္စတန်နိုင်ငံ သမ္မတရုံး၏ ပြန်ကြားရေးမူဝါဒဆိုင်ရာဌာန အကြီးအကဲ ဒိုင်ယာဘက်ခ် အိုရန်ဘီကော့ဗ်က အရေးကြီးမိန့်ခွန်း ပြောကြားရာတွင် မီဒီယာအဖွဲ့အစည်းများနှင့် Think Tank အဖွဲ့များအနေဖြင့် လူထုအမြင်ကို လမ်းညွှန်တည့်မတ်ပေးရာတွင်ဖြစ်စေ၊ မျက်မှောက်ခေတ် ကမ္ဘာကြီးတွင် ကမ္ဘာ့နိုင်ငံများအကြား ယုံကြည်မှုနှင့် လုံခြုံမှုကို ကာကွယ်ထိန်းသိမ်းရာတွင်ဖြစ်စေ ကြီးမားသော တာဝန်ဝတ္တရားများကို ထမ်းဆောင်လျက်ရှိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

မီဒီယာအဖွဲ့အစည်းများနှင့် Think Tank အဖွဲ့များအကြား ညှိနှိုင်းဆောင်ရွက်ခြင်းက သတင်းမှားများကို တိုက်ဖျက်ရာတွင် ယုံကြည်စိတ်ချရသော အကာအကွယ်တစ်ခုကို ပေးစွမ်းလျက်ရှိကြောင်း၊ ယင်းထိပ်သီးအစည်းအဝေးမှာ စိတ်ကူးသစ်များနှင့် အစီအမံသစ်များ ဖော်ထုတ်ဖန်တီးရာတွင် ပလက်ဖောင်းတစ်ခုအဖြစ် အကျိုးပြုနိုင်မည်ဖြစ်သကဲ့သို့ SCO အဖွဲ့အတွင်း သတင်းအချက်အလက်လုံခြုံမှု  ခိုင်မာအားကောင်းရေး၊ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိရေး၊ ချစ်ကြည်ရေး ပေါင်းကူးတံတားများ တည်ဆောက်ရေးအတွက်လည်း အထောက်အကူပြုနိုင်မည်ဟု ၎င်းက ပြောသည်။

ဆင်ဟွာသတင်းဌာန ဒုတိယဥက္ကဋ္ဌ ရှီယန့်ချွမ်းကလည်း ဆင်ဟွာသတင်းဌာနအနေဖြင့် SCO ၏ ဖြစ်စဉ်များကို ဖော်ပြရန်နှင့် SCO ၏ အသံကို မြှင့်တင်ရန် အစဉ်အမြဲ စိတ်ပိုင်းဖြတ်ထားသည်ဟု ၎င်း၏ အရေးကြီးမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

SCO မူဘောင်အောက်တွင် မီဒီယာအဖွဲ့အစည်းများနှင့် Think Tank အဖွဲ့များသည် ပေါင်းကူးတံတားများ၊ ချိတ်ဆက်မှုများအဖြစ် ဆက်လက်အကျိုးဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက မတူကွဲပြားမှုများကို လေးစားလိုက်နာကာ ညီညွတ်မှုနှင့် အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်အားပေးရန်၊ အပြန်အလှန်အကျိုးပြုမှုကို ဆက်လက်ဖော်ဆောင်ကာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်အားသစ်လောင်းမှုကို တွန်းအားပေးရန်၊ ပွင့်လင်းမှုနှင့် အားလုံးလက်ခံပါဝင်မှုကို ထိန်းသိမ်းရန်၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုများအတွက် ပေါင်းကူးတံတားများ တည်ဆောက်ရန်၊ သမာသမတ်ကျမှုနှင့် တရားမျှတမှုကို ထိန်းသိမ်းကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထောက်ခံအားပေးရန်၊ လက်တွေ့လုပ်ဆောင်ချက်ကို အဓိကထားသော ပူးပေါင်းဆောင်ရွက်မှုကို ဦးဆောင်ဦးရွက်ပြုလျက် လက်တွေ့ကျကျနှင့် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

ကာဂျစ္စတန်နိုင်ငံ ကဘာသတင်းဌာန (Kabar News Agency) မှ ဒါရိုက်တာ မီဒါဘက်ခ် ရှာမီတာလီအက်ဗ်ကလည်း ဒစ်ဂျစ်တယ်နည်းပညာများသည် သတင်းအချက်အလက် ကူးလူးဖလှယ်မှုကို မြန်ဆန်ချောမွေ့စေသော်လည်း တစ်ချိန်တည်းတွင် သတင်းမှားနှင့် ဆိုက်ဘာလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုကဲ့သို့သော အန္တရာယ်များကိုလည်း ယူဆောင်လာသည်ဟု ဆိုသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260728/3c8ece05b8f74c189fec82d424140539/c.html

ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် Think Tank ထိပ်သီးအစည်းအဝေး မြင်ကွင်းအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) မီဒီယာနှင့် Think Tank ထိပ်သီးအစည်းအဝေး မြင်ကွင်းအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

...............................................................................

(English Version)

SCO Media and Think Tank Summit calls for broader consensus, stronger cooperation

BISHKEK, July 27 (Xinhua) -- The 2026 Shanghai Cooperation Organization (SCO) Media and Think Tank Summit, themed "The Shanghai Spirit in the New Era: From Shared Values to Practical Cooperation," opened Monday in Bishkek, the capital of Kyrgyzstan.

The summit gathers about 260 representatives from nearly 150 mainstream media organizations, leading think tanks, government departments and the SCO Secretariat across SCO countries.

Daiyrbek Orunbekov, head of the Information Policy Service of the Presidential Administration of Kyrgyzstan, said in a keynote speech at the opening ceremony that media organizations and think tanks shoulder great responsibilities in guiding public opinion and safeguarding trust and security among countries in today's world.

Coordination between media organizations and think tanks will provide a reliable shield against disinformation, he said, expressing confidence that the summit would serve as a platform for generating new ideas and initiatives and contribute to strengthening information security within the SCO, deepening academic cooperation and building bridges of friendship.

Xi Yanchun, vice president of Xinhua News Agency, said in her keynote speech that Xinhua has always been committed to telling SCO stories well and amplifying the SCO's voice.

Under the SCO framework, media organizations and think tanks should continue to serve as bridges and links, she said.

She called on them to seek common ground while respecting differences and promote solidarity and mutual trust; pursue mutual benefit and drive development and revitalization; uphold openness and inclusiveness and build bridges for people-to-people exchanges; uphold fairness and justice and advocate multilateralism; and remain practical and efficient while taking the lead in action-oriented cooperation.

Mederbek Shermetaliev, director of the Kabar News Agency of Kyrgyzstan, said while digital technologies have facilitated information exchange, they have also brought risks such as disinformation and cybersecurity threats.

https://english.news.cn/20260728/3c8ece05b8f74c189fec82d424140539/c.html

English Caption 1

Mederbek Shermetaliev, director of the Kabar News Agency of Kyrgyzstan, speaks at the 2026 Shanghai Cooperation Organization (SCO) Media and Think Tank Summit in Bishkek, Kyrgyzstan, July 27, 2026. (Xinhua/Feng Kaihua)

English Caption 2

This photo shows a scene at the 2026 Shanghai Cooperation Organization (SCO) Media and Think Tank Summit in Bishkek, Kyrgyzstan, July 27, 2026. (Xinhua/Feng Kaihua)