
ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက လေထုညစ်ညမ်းမှု လျှော့ချရေးနှင့် ရေအရင်းမြစ် ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းဆောင်ရွက်ချက်များအား ပိုမိုအားကောင်းစေခဲ့ရာ နိုင်ငံ၏ လေထုနှင့် ရေထုအရည်အသွေးအနေဖြင့် ယခုနှစ် ပထမနှစ်ဝက်တွင် ဆက်လက်တိုးတက်ကောင်းမွန်လာကြောင်း ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနက ဇူလိုင် ၂၈ ရက်၌ ပြောကြားခဲ့သည်။
လေထုညစ်ညမ်းမှုအား တိုင်းတာသည့် အဓိကညွှန်းကိန်းဖြစ်သော PM2.5 ပျမ်းမျှသိပ်သည်းဆမှာ ဇန်နဝါရီလမှ ဇွန်လအထိ ကာလတွင်း ခရိုင်အဆင့်ရှိ သို့မဟုတ် ခရိုင်အဆင့်အထက်ရှိ တရုတ်မြို့ကြီး ၃၃၉ မြို့တွင် တစ်ကုဗမီတာလျှင် ၂၉.၉ မိုက်ခရိုဂရမ် ဖြစ်ပြီး ယခင်နှစ်ကာလတူကထက် ၆.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖေ့ရှောင်ဖေး က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပထမခြောက်လအတွင်း နေ့ရက်များ၏ ၈၂.၈ ရာခိုင်နှုန်းက လေထုအရည်အသွေး ကောင်းမွန်ခဲ့ပြီး ယခင်နှစ်ကထက်အမှတ် ၄.၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။
အဆိုပါကာလအတွင်း နိုင်ငံမှ စောင့်ကြည့်ခဲ့သော ရေမျက်နှာပြင်အပိုင်းများနှင့် နေရာများ၏ ၈၇.၄ ရာခိုင်နှုန်းကို အဆင့် ၁ မှ ၃ အထိ သတ်မှတ်ခဲ့ပြီး ယင်းမှာ အရည်အသွေးကောင်းမွန်ကြောင်း ညွှန်ပြခြင်းဖြစ်ကာ ယခင်နှစ်ကာလတူကထက်အမှတ် ၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်းလည်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ရေမျက်နှာပြင်အရည်အသွေးအား အဆင့်ငါးဆင့် ခွဲခြားသတ်မှတ်ထားပြီး အဆင့် ၁ မှာ အရည်အသွေးအကောင်းဆုံးဖြစ်သည်။ အဆိုပါကာလအတွင်း အဆင့် ၅ အောက်ရှိ ရေမျက်နှာပြင်အပိုင်းများအချိုးမှာ အမှတ် ၁.၂ ရာခိုင်နှုန်းမှ ၀.၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း သိရသည်။ (Xinhua)
.......................................................................
(English Version)
China's air, water quality improves in H1
BEIJING, July 28 (Xinhua) -- China's air and water quality continued to improve in the first half of this year, as the country strengthened efforts to curb air pollution and protect water resources, the Ministry of Ecology and Environment said Tuesday.
The average density of PM2.5 -- a key indicator measuring air pollution -- came in at 29.9 micrograms per cubic meter in 339 Chinese cities at or above the prefecture level in the January-June period, which was down 6.6 percent year on year, ministry spokesperson Pei Xiaofei told a media conference.
In the first six months, 82.8 percent of days had good air quality, up 4.5 percentage points from the previous year.
The ministry also revealed that during the period, 87.4 percent of the surface-water sections and sites monitored by the country were graded Class I to III, indicating good quality, up 3 percentage points from the same period last year.
China classifies surface water quality into five grades, with Class I being the best quality. During the same period, the proportion of below-Class-V water sections declined 1.2 percentage points to 0.9 percent. ■
English Caption
A drone photo taken on July 22, 2026 shows water birds at the Fujin National Wetland Park in Fujin City, northeast China's Heilongjiang Province. (Photo by Qu Yubao/Xinhua)








