
ဘရာဇီးနိုင်ငံ၏ Amazonia ကဇာတ်ရုံများကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်
ဘရာဇီးနိုင်ငံ အမေဇုန်ရှိ ကဇာတ်ရုံနှစ်ရုံကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာ့အမွေအနှစ်နေရာများအဖြစ် ဇူလိုင် ၂၇ ရက်က သတ်မှတ်ခဲ့သည်။
မာနာအူစ်မြို့ရှိ Teatro Amazonas နှင့် ဘယ်လမ်မြို့ရှိ Theatro da Paz တို့ကို ရော်ဘာဈေးကွက်အမြင့်ဆုံးဖြစ်ချိန်၊ ၁၉ ရာစုနှောင်းပိုင်းက ဥရောပစတိုင်ဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ အမေဇုန် ရွှေခေတ်၏ သာယာဝပြောပုံကို ထင်ဟပ်ပြခြင်းလည်း ဖြစ်သည်။
အဆိုပါ ကဇာတ်ရုံနှစ်ခုကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ချက်ကို တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ကျင်းပသော ၄၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီက ချမှတ်ခဲ့ခြင်းဖြစ်ကာ ယင်းနေရာနှစ်ခုမှာ ဘရာဇီးနိုင်ငံ မြောက်ပိုင်းတွင် ယခုကဲ့သို့ နိုင်ငံတကာအသိအမှတ်ပြု ပထမဆုံး ယဉ်ကျေးမှုဆိုင်ရာနေရာများ ဖြစ်လာခဲ့သည်။
အီရန်နှင့် ဆွေးနွေးပွဲမအောင်မြင်ပါက “အားကောင်းသော စစ်ရေးလှုပ်ရှားမှု” လုပ်ဆောင်မည်ဟု ထရမ့် ခြိမ်းခြောက်
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် နောက်ထပ်အခွင့်အလမ်းအဖြစ် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရန် အီရန်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုများကို ရပ်နားထားရန် ဆုံးဖြတ်ထားကြောင်း၊ အီရန်နှင့် ဆွေးနွေးမှု မအောင်မြင်ပါက တိုက်ခိုက်မှုများ ပြန်လည်စတင်ရန် ညွှန်ကြားနိုင်သည်ကိုလည်း သတိပေးထားကြောင်း ဇူလိုင် ၂၇ ရက်၌ ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အီရန်နဲ့ တကယ့်ကိုနက်နက်ရှိုင်းရှိုင်း ဆွေးနွေးနေပါတယ်။ သူတို့အလုပ်မလုပ်ဘူးဆိုရင်တော့ ကျွန်တော်တို့ အင်မတန်အားကောင်းတဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပြန်လာရပါလိမ့်မယ်” ဟု ထရမ့်က အမေရိကန်အွန်လိုင်းမီဒီယာ Axios နှင့် အင်တာဗျူးဖြေဆိုစဉ် ပြောကြားခဲ့သည်။
သံတမန်ရေးနည်းလမ်းကို မည်မျှအထိ အချိန်ပေးထားရန် ဆန္ဒရှိပါသနည်းဟု မေးမြန်းရာတွင် ၎င်းက “သိပ်များများစားစားတော့မပေးထားပါဘူး။ အမြန်ဆုံးလုပ်ရင်လုပ် မဟုတ်ရင်တော့ လုံးဝပဲ” ဟု ဆိုသည်။
ရုရှားလက်နက်ကိုင်တပ်ဖွဲ့များ၏ အင်အားတိုးမြှင့်ရေးအမိန့် ပူတင် လက်မှတ်ရေးထိုး
ရုရှားတပ်မတော်၏ တပ်ဖွဲ့ဝင်အင်အားကို ၂၅,၀၀၀ အထိ မြှင့်တင်ရေးဆိုင်ရာ သမ္မတအမိန့်ကို ရုရှား သမ္မတ ဗလာတီမာ ပူတင်က လက်မှတ်ရေးထိုးလိုက်ကြောင်း ဥပဒေရေးရာ တရားဝင်ဌာနက ဇူလိုင် ၂၇ ရက်၌ ထုတ်ပြန်သော အချက်အလက်အရ သိရသည်။
သမ္မတက ဇွန်လတွင် တပ်ဖွဲ့ဝင် ၁,၅၁၀,၀၀၀ အပါအဝင် ရုရှားတပ်မတော် အင်အားကို တပ်ဖွဲ့ဝင် ၂,၃၉၉,၁၃၀ အထိ ထားရှိရန် သတ်မှတ်ခဲ့သည်။
အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုများရှိသော်ငြားလည်း ကနေဒါနိုင်ငံက နယ်စပ်တံတားသစ် ဖွင့်လှစ်
နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုအရှိန်မြင့်တက်လာသော်ငြားလည်း ကနေဒါနိုင်ငံ Windsor ၊ Ontario နှင့် အမေရိကန်နိုင်ငံ Detroit ကို ချိတ်ဆက်ထားသော နိုင်ငံတကာတံတားသစ်တစ်စင်းအား ဇူလိုင် ၂၇ ရက်က ဖွင့်လှစ်ခဲ့ပြီး အသစ်လွင်ဆုံးနှင့် အကြီးမားဆုံး ကုန်းတွင်းနယ်စပ်ဖြတ်သန်းရာနေရာ အဖြစ် ပံ့ပိုးပေးခဲ့သည်။
လက်ရှိတွင် Gordie Howe နိုင်ငံတကာတံတားသည် နှစ်နိုင်ငံကို ချိတ်ဆက်ထားသည့် အသစ်လွင်ဆုံး၊ အကြီးမားဆုံးနှင့် နည်းပညာအမြင့်မားဆုံး ကုန်းတွင်းနယ်စပ်ဖြတ်သန်းရာနေရာအဖြစ်လည်း ရပ်တည်လျက်ရှိသည်ဟု နှစ်ဖက်စလုံးမှ အာဏာပိုင်များ၏ အဆိုအရ သိရသည်။
ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလသမဂ္ဂ အကြီးအကဲ တွေ့ဆုံ
ဂျော်ဒန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးရာနှင့် ပြည်နှင်ဒဏ်ရေးရာဝန်ကြီး Ayman Safadi နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တို့သည် နောက်ဆုံး ဒေသတွင်းဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ဂျော်ဒန်နိုင်ငံ အမ်မန်မြို့၌ ဇူလိုင် ၂၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
နှစ်ဘက်အနေဖြင့် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး ထိန်းသိမ်းရန်၊ တင်းမာမှုများ ဖြစ်ပွားရသည့် အကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းရန်၊ ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်ရန်နှင့် ဟော်မုဇ်ရေလက်ကြားတွင် လွတ်လပ်စွာ ဖြတ်သန်းသွားလာရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေများနှင့်စပ်လျဉ်း၍ ဂါဇာ အပစ်အခတ်ရပ်စဲရေးအစီအစဉ် အကောင်အထည်ဖော်ရေး၊ လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်မှုအပေါ် အစ္စရေးဘက်က ကန့်သတ်ချက်များ ရုပ်သိမ်းရေး၊ အနောက်ဘက်ကမ်းဒေသတွင် အစ္စရေး၏ စစ်ဆင်ရေးများ ရပ်နားထားရန် နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုများ ပိုမိုအားကောင်းရေးအတွက်လည်း Safadi က တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)
………..
(English Version)
Daily World Briefing, July 28
Brazil's Amazonia theaters inscribed as UNESCO World Heritage Sites
Two theaters in the Brazilian Amazon were designated as World Cultural Heritage Sites by the United Nations Educational, Scientific and Cultural Organization (UNESCO) on Monday.
The Teatro Amazonas in the city of Manaus and the Theatro da Paz in Belem were both built during the height of the rubber boom, in grand European style in the late 19th century, and reflect the prosperity of the Amazon's Golden Age.
The decision to grant the theaters UNESCO World Heritage status was made during the 48th session of the World Heritage Committee, held in Busan, the Republic of Korea, making them the first cultural sites in northern Brazil to receive this international recognition.
Trump threatens "strong military action" if Iran talks fail
U.S. President Donald Trump said Monday that he decided to pause U.S. strikes on Iran in order to give negotiations another chance, while warning that he could order a restart of strikes if talks with Iran fail.
"We are in very deep talks with Iran. If they don't work out, we will go back to very strong military action," Trump said in an interview with U.S. online news outlet Axios.
Asked how long he was willing to give diplomacy, he said, "Not much time. Either it goes fast or not at all."
Putin signs decree increasing size of Russian armed forces
Russian President Vladimir Putin has signed a presidential decree to boost the number of servicemen in the Russian Armed Forces by 25,000, according to information published Monday on the official portal for legal acts.
In June, the president set the authorized strength of the Russian Armed Forces at 2,399,130 personnel, including 1,510,000 servicemen.
Canada opens new border bridge despite trade tensions with U.S.
Canada on Monday opened a new international bridge linking Windsor, Ontario and Detroit, U.S., providing the newest and largest land border crossing with the United States despite escalating trade tensions between the two countries.
The Gordie Howe International Bridge now stands as the newest, largest, and most technologically advanced land border crossing connecting the two countries, according to authorities of both sides.
Jordanian FM, UN chief meet on regional developments
Jordan's Deputy Prime Minister and Minister of Foreign Affairs and Expatriates Ayman Safadi and UN Secretary-General Antonio Guterres met here on Monday over the latest regional developments, Jordan's Foreign Ministry said in a statement.
The two sides stressed the need to uphold the U.S.-Iran ceasefire, resume negotiations to address the root causes of tensions, and ensure freedom of navigation in the Strait of Hormuz, according to the statement.
On the situation in the occupied Palestinian territories, Safadi urged the implementation of the Gaza ceasefire plan, the lifting of Israeli restrictions on the entry of humanitarian aid, and greater international efforts to halt Israeli operations in the West Bank, the statement read.








