
ဝါရှင်တန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
ဇူလိုင်လတွင် အမေရိကန်စစ်တပ်က အီရန်အပေါ်စစ်ပွဲ ပြန်လည်စတင်ပြီးနောက် အမေရိကန်စစ်သည် ၄ ဦး သေဆုံး၍ ၂၀၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အီရန်စစ်ပွဲတစ်ခုလုံးအတွင်း အမေရိကန်စစ်တပ်၏ စုစုပေါင်း ထိခိုက်သေဆုံးသူဦးရေသည် ၆၄၂ ဦးရှိပြီး ၎င်းအနက် ၁၈ ဦးသေဆုံးခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ဇူလိုင်၂၆ ရက်တွင် ထုတ်ပြန်သော အမေရိကန်စစ်တပ် ထိခိုက်သေဆုံးမှု စာရင်းကောက်ယူချက်အရ သိရသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ “ကာကွယ်ရေးဆိုင်ရာ ထိခိုက်သေဆုံးမှု သုံးသပ်မှုစနစ်” ၏ နောက်ဆုံးအချက်အလက်များအရ ဇူလိုင် ၂၅ ရက်အထိ အမေရိကန်စစ်တပ်သည် အီရန်အပေါ် လုပ်ဆောင်သည့် “မော်ကွန်းတင် ဒေါသမီး” စစ်ရေးလှုပ်ရှားမှုကြောင့် စုစုပေါင်း အမေရိကန်စစ်သည် ၁၄ ဦး သေဆုံး၍ ၄၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါအချက်အလက်စင်တာသည် လတ်တလောရက်ပိုင်းတွင် “နိုင်ငံရပ်ခြားလှုပ်ရှားမှု” ခြေရာခံခြင်း အမျိုးအစားအား ထပ်တိုးခဲ့ပြီး ဇူလိုင် ၇ ရက်မှစ၍ အမေရိကန်စစ်တပ်၏ ထိခိုက်သေဆုံးမှု အခြေအနေကို သီးသန့်စာရင်းကောက်ယူခဲ့သည်။ နောက်ဆုံးအချက်အလက်များအရ ဇူလိုင် ၇ ရက်မှ ၂၆ ရက်အထိ အမေရိကန်စစ်သည် ၄ ဦး သေဆုံး၍ ၂၀၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သို့သော် အဆိုပါအသစ်ထပ်တိုးသည့် အမျိုးအစားတွင် သေဆုံးသူ၏ အမည်ကိုသာ ဖော်ပြထားပြီး အချိန်၊ နေရာ၊ ထိခိုက်သေဆုံးရသည့် အကြောင်းရင်း စသည့် အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြထားခြင်း မရှိပေ။ သေဆုံးသူများသည် အသစ်တစ်ကြိမ် အမေရိကန်-အီရန် ပဋိပက္ခအတွင်း သေဆုံးသည်ဟု အတည်ပြုထားပြီးဖြစ်သော်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထိခိုက်ဒဏ်ရာရရှိသူများသည် အမေရိကန်-အီရန် ပဋိပက္ခနှင့် ပတ်သက်ခြင်းရှိ၊ မရှိကိုမူ အတည်ပြုခြင်းမရှိသေးပေ။
လွန်ခဲ့သည့်နှစ်ရက်အတွင်း အမေရိကန်စစ်တပ်က အီရန်အား လေကြောင်းတိုက်ခိုက်မှု ယာယီရပ်တန့်ခဲ့သည်။ အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် လက်ကျန် ကျန်ရှိသည့် ပမာဏ၊ စစ်ရေးလှုပ်ရှားမှုရလဒ်နှင့် နိုင်ငံခြားရေး ကြားဝင်စေ့စပ်မှုအတွက် နေရာချန်ပေးခြင်း စသည်တို့သည် အိမ်ဖြူတော်က ပဋိပက္ခအား အဆင့်မြှင့်တင်မှု ယာယီရပ်တန့်ရန် စဉ်းစားသည့် အကြောင်းအချက်များဖြစ်သည်ဟု သိရသည်။
အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA) နှင့် အမေရိကန် ကာကွယ်ရေး ထောက်လှမ်းရေး အေဂျင်စီ (DIA) ၏ လတ်တလောကာလ သုံးသပ်မှုများအရ လက်ရှိ အီရန်အပေါ် အမေရိကန်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် “အီရန်ရဲ့ ဆွေးနွေးညှိနှိုင်းမှု ရပ်တည်ချက်ကို ပြောင်းလဲနိုင်ခြေ သိပ်မရှိ” ဟု ယူဆကြောင်း အမေရိကန် CNN သတင်းဌာနက ဇူလိုင် ၂၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အမေရိကန်၏ “စစ်ပွဲအခွင့်အာဏာ အက်ဥပဒေ” (War Powers Resolution) အရ သမ္မတသည် လွှတ်တော်၏ ခွင့်ပြုချက်မရရှိသည့် အခြေအနေ၌ အမေရိကန်စစ်တပ်အား ရန်လိုမှုလှုပ်ရှားမှုတွင် အသုံးပြုခြင်းအား သာမန်အားဖြင့် ရက်ပေါင်း ၆၀ ထက် ကျော်လွန်၍မရကြောင်း၊ သို့သော် စစ်တပ်ဆုတ်ခွာသည့် ကာလ အကြာဆုံးအနေဖြင့် အခြားရက် ၃၀ ရှိကြောင်း သိရသည်။
ထရမ့်အစိုးရသည် ဇူလိုင် ၁၀ ရက်တွင် လွှတ်တော်ထံ စာလွှာပေးပို့၍ အီရန်သည် ဇူလိုင် ၇ ရက်တွင် ဟော်မုဇ်ရေလက်ကြား၌ ဖြတ်သန်းသွားလာသော စီးပွားရေးကုန်တင်သင်္ဘော ၃ စင်းအား တိုက်ခိုက်ခဲ့ရာ ထိုမတိုင်မီက ရရှိထားသော အပစ်ရပ်မှုအစီအစဉ်အား ချိုးဖောက်နေကြောင်း၊ ယင်းကိုအကြောင်းပြု၍ အိမ်ဖြူတော်က ဇူလိုင် ၇ ရက်ကို အမေရိကန်-အီရန် “အသစ်တစ်ကြိမ် ရန်လိုမှု လှုပ်ရှားမှု” စတင်သည့်ရက်စွဲအဖြစ် သတ်မှတ်ကာ “စစ်ပွဲအခွင့်အာဏာ အက်ဥပဒေ” သတ်မှတ်ထားသည့် ရက်ပေါင်း ၆၀ ကန့်သတ်ချက်ကို ယင်းနေ့မှစ၍ ပြန်လည်တွက်ချက်သင့်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်ဟု သတင်းများအရ သိရသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
美军7月重启伊朗战事以来逾200人受伤
新华社华盛顿7月26日电(记者徐剑梅)据美国国防部26日更新的美军伤亡统计,自7月美军重启伊朗战事以来,已有4名美军死亡、207人受伤。整个伊朗战事中,美军累计伤亡人数达642人,其中18人死亡。
隶属于美国国防部的“国防伤亡分析系统”最新数据显示,截至7月25日,美军对伊朗发起的“史诗怒火”军事行动累计造成14名美军人员死亡、417人受伤。
这一数据库近日新增“海外行动”跟踪类别,单独统计7月7日以来美军伤亡情况。最新数据显示,7日至26日,4名美军人员死亡、207人受伤。不过,这一新增类别只列出死亡人员姓名,未提供时间、地点、伤亡原因等具体信息。尽管死亡人员均已被确认死于新一轮美伊冲突,但美国防部尚未证实受伤人员是否均与美伊冲突相关。
过去两天来,美军暂停空袭伊朗。综合美媒报道,防空拦截弹库存、军事行动效果以及为外交斡旋留出空间等,均是白宫暂停升级冲突的考虑因素。美国有线电视新闻网26日报道说,美国中央情报局和国防情报局近期评估都认为,当前美军对伊朗的空袭“不太可能改变伊朗的谈判立场”。
根据美国《战争权力法》,总统在未获国会授权的情况下,将美军投入敌对行动通常不得超过60天,但另有最长30天的撤军期限。据报道,特朗普政府7月10日致函国会称,伊朗7月7日袭击三艘在霍尔木兹海峡通行的商船,违反此前停火安排,白宫据此将7月7日界定为美伊“新一轮敌对行动”起始日期,并认为《战争权力法》规定的60天期限应自该日起重新计算。(完)
图说:这是从空中拍摄的美国国防部所在地五角大楼(2020年2月19日摄)。新华社记者刘杰摄








