ဝါရှင်တန်၊ဇန်နဝါရီလ ၂ ရက်(ဆင်ဟွာ) ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်တာဝန်ယူမည့် Sean Spicer က ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ သမ္မတအိုဘားမားအား မေးခွန်းထုတ်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်း ၂၀၁၆ ခုနှစ် တစ်နှစ်တာအတွင်း အမှုကြီး ၄၆၉မှုနှင့် အခြားအမှုပေါင်း ၁၄၇၃၄မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ ယာဉ်မတော်တဆမှုပေါင်း ၇၄၄ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၆၇ ဦး ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
မာနာမာ၊ ဇန်နဝါရီ ၂ရက် (ဆင်ဟွာ) ဘာရိန်းနိုင်ငံ၏ အကြီးဆုံး အကျဉ်းထောင်တစ်ခုတွင် ဇန်နဝါရီ ၁ရက်က အကြမ်းဖက်မှုဖြင့် အကျဉ်းကျနေသူများစွာသည် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သတ်ဖြတ်၍ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း၌ ၂ဝ၁၇ ခုနှစ် နှစ်သစ်ကူးညတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၁၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းအရင်းအမြစ်က ဇန်နဝါရီလ ၁ ရက်တွင်ပြောကြားသည်။
နေပြည်တော်၊ ဇန်ဝါရီ ၁ ရက် (ဆင်ဟွာ) အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် ဖြူစင် ဖြောင့်မတ်သည့် စိတ်ဓာတ်များ ထားရှိ ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိ ရပ်ကွက် အားကစား တက္ကသိုလ်အနီးတွင် ယနေ့ကျင်းပသည့်...
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ်ရှိ ညောင်ချောင်းသာကမ်းခြေ၌ အပန်းဖြေရန် လာရောက်သူ များပြားသဖြင့် ယင်းနေရာများတွင် ဈေးဆိုင်ပေါင်း ၁ဝဝ ကျော် ဖွင့်လှစ်ရောင်းချနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ညောင်တုန်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဂျကာတာ၊ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရေပြင်၌ ခရီးသည် ၂ဝဝ ကျော်လိုက်ပါလာသော ကူးတို့ရေယာဉ် တစ်စင်းသည် ယနေ့( ဇန်နဝါရီလ ၁ရက်) တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လှေပေါ်လိုက်ပါလာသူများအနက် ၂၃ ဦးသေဆုံးပြီး ၂ဝ ဦးထိခိုက်ဒဏ်ရာရကာ ၁၇ ဦးပျောက်ဆုံးလျက် ရှိကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီက ဆိုသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) နိုင်ငံတကာ မြို့ကြီးများ၌ ဖောက်လုပ်ထားသော မြေအောက်ရထားလမ်းနှင့် ကားလမ်းများကဲ့သို့ ရန်ကုန်မြို့၌လည်း ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး ကပြောသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရန်ကုန် စတော့အိတ်ချိန်း၏ စတုတ္ထမြောက် စာရင်းဝင် ကုမ္ပဏီ ဖြစ်လာမည့် ပထမ ပုဂ္ဂလိက ဘဏ်၏ ရှယ်ယာများကို ဇန်နဝါရီ ၂ဝ ရက်တွင် စတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်း ရန်ကုန် စတော့အိတ်ချိန်း၏ ထုတ်ပြန်ချက်အရသိရသည်။