Connect with us

Politics, Law & Military

ရွေးကောက်ပွဲမတိုင်မီ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး NCA စာချုပ်ကို လက်မှတ် ရေးထိုးနိုင်ရန် ကြိုးပမ်းသွားမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေစဉ် (MNA)

ရန်ကုန် ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (မူကြမ်း) NCA စာချုပ်ကို ရွေးကောက်ပွဲ မတိုင်မီ လက်မှတ် ရေးထိုးနိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုများကို ပြောကြားသည့် ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ယခင်က မရခဲ့ဘူးသေးသော အောင်မြင်မှုနှစ်ခု ကိုလည်း ရရှိခဲ့ကြောင်း ၊ ယင်းတို့မှာ လက်နက်ကိုင် ပဋိပက္ခများသည် နိုင်ငံရေးပြဿနာ များဖြစ်သည့် အတွက် နိုင်ငံရေး နည်းလမ်းနှင့်သာ အဖြေရှာ ဆွေးနွေးရန်နှင့် တိုင်းရင်းသားများ၏ တန်းတူရည်တူ ရှိမှုအတွက် ဖယ်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးကို ဝိုင်းဝန်း တည်ဆောက်ရေး ဆိုသော နိုင်ငံရေးအခြေခံမူ နှစ်ခု ဖြစ်သည်။ ယခု နောက်ဆုံး ရရှိထားသော တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (မူကြမ်း) သည် အောင်မြင်မှု တို့ကို ခိုင်မြဲအောင် အထောက် အကူပြုမှု ဖြစ်သည်။

ထို့ပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေခံ ပေါ်ပေါက် လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများမှ တဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များ ပါဝင်လာဦးမည် ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် စတင် ကြိုးပမ်းခြင်း သည်သာပင်လျှင် နိုင်ငံရဲ့ ကြီးမားတဲ့ နိုင်ငံရေး အရွေ့ တစ်ခုဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လစဉ် ပြောကြားသည့် ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အစိုးရအဖွဲ့သည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးသော အရပ်သား အစိုးရ တာဝန်ကို ယူရသောအချိန်တွင် ကျင်းပမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ များတွင် သန့်ရှင်းလွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ အဖြစ် ကျင်းပ နိုင်စေရန် အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ကတိပြု ပြောကြားခဲ့သည်။

ယခုအချိန်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့(SD) တို့သည် ဇူလိုင် ၄ ရက်တွင် ချင်းမိုင်မြို့၌ အလွတ်သဘော တွေ့ဆုံပြီး ရွေးကောက်ပွဲမတိုင်မီ NCA ကို အပြီးသတ် လက်မှတ်ရေးထိုး၍ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များ ရေးဆွဲနိုင်ရေး ကြိုးပမ်းကြရန် သဘောတူညီခဲ့သည်။ UPWC နှင့် SD တို့သည် ဆွေးနွေးပွဲကို ဇူလိုင်လ တတိယပတ်တွင် ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.