Connect with us

Politics, Law & Military

တရုတ်ကွန်မြူနစ်ပါတီ(CPC)၏ ၁၉ ကြိမ်မြောက် အမျိုးသားကွန်ဂရက်သည် အရေးကြီးသောအချိန်ကာလတစ်ခု၌ အဓိကကျသော အစည်းအဝေးဖြစ်မည်ဟု သမ္မတရှီပြော

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

လာမည့် တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ ၁၉ ကြိမ်မြောက်အမျိုးသားကွန်ဂရက်သည် တရုတ်လူမျိုးတို့၏ စရိုက်လက္ခဏာများ နှင့်အတူ ဆိုရှယ်လစ်စနစ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးသော အချိန်ကာလတစ်ခု၌ အဓိကကျသော အစည်းအဝေးတစ်ခုဖြစ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

၎င်းအစည်းအဝေးသည် နည်းလမ်းပေါင်းစုံမှ ပြဿနာရပ်များကို အဖြေရှာခြင်း အဆင့်ကို ဝင်ရောက်ပြီး တရုတ်နိုင်ငံအား ခေတ်မီဖွံ့ဖြိုးတိုးတက်သော လူမှုအသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန်အတွက်လည်း ဖြစ်ကြောင်း သမ္မတရှီက ဆိုသည်။ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌလည်းဖြစ်ကြောင်း သိရသည်။

အထက်ပါမှတ်ချက်စကားကို ပေကျင်းမြို့၌ ဇူလိုင်လနှောင်းပိုင်းကပြုလုပ်ခဲ့သော တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ ၁၉ ကြိမ်မြောက် အမျိုးသားကွန်ဂရက်ကျင်းပရေး ကြိုတင်ပြင်ဆင်မှု ညှိနှိုင်းအစည်းအဝေးတွင် သမ္မတရှီကျင့်ဖိန်က ပြည်နယ်အဆင့် နှင့် ဝန်ကြီးအဆင့် အရာရှိကြီးများအား ပြောကြားခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.