Connect with us

Asia

ဗီယက်နမ်မူးယစ်ဆေးဝါး မှောင်ခိုသမား ၄ဦးကို သေဒဏ်နှင့် တစ်သက်တစ်ကျွန်းအပြစ်ဒဏ်များချမှတ်

ဗီယက်နမ်နိုင်ငံတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟိုချီမင်းစီးတီး၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ တရားရုံးတစ်ခုက ပြည်နယ်ဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်သူ အသက် ၃၄နှစ်အရွယ် အမျိုးသားတစ်ဦးအား သေဒဏ်ချမှတ်ခဲ့ပြီး ၎င်း၏ လက်အောက်ငယ်သားများ အနက် ၃ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ချမှတ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာ က သြဂုတ် ၁၆ရက်တွင်ဖော်ပြခဲ့သည်။

နိုင်ငံတောင်ပိုင်း Binh Duong ပြည်နယ် ရှိ တရားရုံးတစ်ခုက သြဂုတ် ၁၅ရက်တွင် Thua Thien Hue ပြည်နယ် အလယ်ပိုင်း မှ Do Xuan Loi အမည်ရှိအမျိုးသားအား သေဒဏ်ချမှတ်ခဲ့ပြီး Binh Duong ပြည်နယ် အလယ်ပိုင်း၊ An Giang ပြည်နယ် တောင်ပိုင်း နှင့် ဟိုချီမင်းမြို့တို့မှ Loi၏ ဇနီးဖြစ်သူ၏ အကိုတစ်ဦးအပါအဝင် အမျိုးသား ၃ဦးအား ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း Tuoi Tre သတင်းစာကဖော်ပြခဲ့သည်။

၎င်းတို့အား ဖမ်းဆီးခဲ့သည့် ၂၀၁၅ခုနှစ်အထိ Loi နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသည် နိုင်ငံမြောက်ပိုင်း Hai Phong မြို့ မှ တောင်ပိုင်း ပြည်နယ်တစ်ခုသို့ မူးယစ်ဆေးဝါး ၇ကီလိုဂရမ်ကို လက်လီရောင်းချရန် ဖြန့်ချိခဲ့ပြီး တရားမဝင်သေနတ် ၃လက်ကိုလည်း လက်ဝယ်ကိုင်ဆောင်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ၏ ဥပဒေအရ ဘိန်းဖြူ ၆၀၀ဂရမ် အထက် (သို့) စိတ်ကြွရူးသွပ်ဆေးပြား ၂.၅ကီလိုဂရမ် နှင့် အထက် မှောင်ခိုရောင်းဝယ်ခြင်းပြုလုပ်ပါက သေဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဘိန်းဖြူ ၁၀၀ ဂရမ် (သို့) အခြား တရားမဝင် မူးယစ်ဆေးဝါး ၃၀၀ ဂရမ် အား ထုတ်လုပ်ခြင်း (သို့) ရောင်းချခြင်းပြုလုပ်ပါက လည်း သေဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.