Connect with us

Europe

ပေါ်တူဂီနိုင်ငံ မဒိုင်ရာကျွန်းတွင် သစ်ပင်လဲကျရာ လူ ၁၃ဦးသေဆုံး


လစ္စဘွန်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံ မဒိုင်ရာကျွန်းတွင် သြဂုတ် ၂၅ရက် နေ့လည်ပိုင်းက သစ်ပင်ကြီးတစ်ပင် လဲကျခဲ့ရာ လူ၁၃ဦးသေဆုံးခဲ့ပြီး အခြားလူ ၄၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဒိုင်ရာ ၏ မြို့တော် ဖန်ချယ်မြို့ အနီးပတ်ဝန်းကျင်ရှိ မွန်တီမြို့ ၏ လာဂိုတာဖန်တီရင်ပြင်တွင် ဘာသာရေးပွဲတော်တစ်ခုအတွက် လူများစုဝေးနေစဉ် ယင်းမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လူ ၁၀ဦးမှာ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ပြီး အခြားလူ ၃ဦးမှာ ဆေးရုံ၌သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူများတွင် ကလေးတစ်ဦးပါဝင်ကြောင်း အတည်ပြုခဲ့ပြီး ဒဏ်ရာရရှိသူများအနက် ၆ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

ပေါ်တူဂီနိုင်ငံ မဒိုင်ရာကျွန်းပေါ်ရှိ သစ်ပင်လဲကျရာသို့ ကယ်ဆယ်ရေးဝန်ထမ်းများရောက်ရှိလာစဉ် (ဆင်ဟွာ)

ဒေသခံများ၏ပြောကြားချက်ကို ကိုးကား၍ ပေါ်တူဂီလူဆာ သတင်းဋ္ဌာနက လဲကျခဲ့သော သစ်ပင်သည် သက်တမ်း နှစ် ၂၀၀ ရှိ ဝက်သစ်ချပင်ကြီးဖြစ်ကြောင်း၊ ယင်းအား လွန်ခဲ့သည့် ၂နှစ်က သတ္တုနန်းကြိုးဖြင့် ချည်နှောင်ထားသော်လည်း ယခုအခါ ချည်နှောင်ထားခြင်းမရှိဘဲ ပင်စည်မှာလည်း အခေါင်းပေါက် ဖြစ်နေကြောင်း ဖော်ပြခဲ့သည်။

ပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ် အန်တိုနီယိုကိုစတာ က သေဆုံးသွားသူများ နှင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး သမ္မတ မာဆယ်လို ရီဘိုလာသည် မဒိုင်ရာကျွန်းသို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.