ဂျာကာတာ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Lombok ကျွန်း တွင် သြဂုတ် ၅ရက်က လှုပ်ခတ်ခဲ့သော ငလျင်ပြင်းကြောင့် သေဆုံးသူ ဦးရေသည် ၄၆၀ဦးကျော်အထိ မြင့်တက်လာပြီး ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများအောက်မှ သေဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ဌာန မှ တာဝန်ရှိသူတစ်ဦး က...
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) မြန်မာ့ကမ်းရိုးတမ်း နှင့် (၅၆)မိုင်ခန့် ကွာဝေးသော မြောက်လတ္တီတွဒ် ၁၆.၀၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၂၆ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဂျီနိုအာ ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) တံတားကျိုးကျရာနေရာဖြစ်သည့် Liguria ဒေသတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများ ချောမွေ့စွာလုပ်ဆောင်နိုင်ရန် ၁၂ လကြာ အရေးပေါ်အခြေအနေအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း အီတလီ အစိုးရက သြဂုတ် ၁၅ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ဥရုဂွေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Rodolfo Nin Novoa သည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ သြဂုတ် ၁၉ ရက်မှ ၂၈ ရက်အထိ တရားဝင်ခရီးစဉ်အဖြစ်လာရောက်လည်ပတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန...
နေပြည်တော်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံက လိုအပ်လျက်ရှိသော မြန်မာရေလုပ်သားများအား တရားဝင်စေလွှတ်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ထိုင်း နိုင်ငံ အလုပ်သမားဝန်ကြီးနှင့် ယနေ့နံနက်ပိုင်း တွေ့ဆုံဆွေးနွေးအပြီးတွင် မီဒီယာသို့ ဖြေကြား ခဲ့သည်။
ထရီပိုလီ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ အယူခံတရားရုံး က ခေါင်းဆောင်ဟောင်း ကဒါဖီ အား ထောက်ခံသူများကို ၂၀၁၁ခုနှစ် အုံကြွလှုပ်ရှားမှု ကာလအတွင်း မြို့တော် ထရီပိုလီမြို့တွင် ဆန္ဒပြသူများကို သတ်ဖြတ်မှုဖြင့် သြဂုတ် ၁၅ ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း တရားရေးရာဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပဲရစ်၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ မြောက်ပိုင်း Genoa ဒေသရှိ Morandi တံတားကျိုးကျမှုတွင် သေဆုံးသူ ပြင်သစ် နိုင်ငံသား ၄ ဦး ရှိသည်ဟု ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၅ ရက်တွင် အတည်ပြု ခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်နှင့် ချင်းတွင်းမြစ်ဝှမ်းကြီးတစ်ခုလုံး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စတော့ဟုမ်းပတ်ဝန်းကျင်သိပ္ပံ(SEI)နှင့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ(MEI)တို့နှင့် ပူးပေါင်း လုပ်ကိုင်နိုင်ရန် နားလည်မှု စာချွန်လွှာ(MoU) လက်မှတ် ရေးထိုးနိုင်ရေးလုပ်ဆောင်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဆိုးလ် ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင် က သြဂုတ်လ ၁၅ ရက် ၌ ကျင်းပ ပြုလုပ်သည့် အမျိုးသား လွတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တွင် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ အပြန်အလှန်...
နယူးဒေလီ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ် ရှိ ရေကြီးနေသော ရေတံခွန်တစ်ခုတွင် အနည်းဆုံးလူ အယောက် ၃၀ ပိတ်မိနေပြီး ခရီးသွား ၁၂ဦး ခန့် ရေစီးနှင့် မျောပါသွားခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။