Connect with us

North America

တရုတ် နိုင်ငံ မှ အမေရိကန် နိုင်ငံ ၏ ငွေတိုက်စာချုပ် အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံ ပြန်လည် ဖြစ်လာ

အမေရိကန် ဒေါ်လာ နှင့် တရုတ် ယွမ်ငွေ များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန ၏ သြဂုတ်လ ၁၅ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် အချက်အလက် များအရ ဇွန်လပိုင်းတွင် တရုတ် နိုင်ငံ က အမေရိကန် နိုင်ငံ ၏ ငွေတိုက်စာချုပ် စုစုပေါင်း ပိုင်ဆိုင်မှု သည် အမေရိကန် ဒေါ်လာ ၁.၁၄၆၅ ထရီလီယံ ရှိလာပြီး အမေရိကန် နိုင်ငံ ၏ ငွေတိုက်စာချုပ် အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံ ပြန်လည် ဖြစ်လာ ခဲ့သည်။

ထုတ်ပြန်ကြေညာ ခဲ့သည့် အချက်အလက် များအရ ဇွန်လပိုင်းတွင် တရုတ် နိုင်ငံ က အမေရိကန် နိုင်ငံ ၏ ငွေတိုက်စာချုပ် ပိုင်ဆိုင်မှု သည် အမေရိကန် ဒေါ်လာ ၄၄.၃ ဘီလီယံ တိုးမြှင့်လာခဲ့ပြီး အချိန်ကာလ ၅ လ ဆက်တိုက် အဆက်မပြတ် တိုးမြှင့်လာခဲ့ခြင်း ဖြစ်ကြောင်း ၊ ဇွန်လ ပိုင်းတွင် ဂျပန် နိုင်ငံ က အမေရိကန် နိုင်ငံ ၏ ငွေတိုက်စာချုပ် ပိုင်ဆိုင်မှု သည် အမေရိကန် ဒေါ်လာ ၂၀.၅ ဘီလီယံ လျော့ကျသွားပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁.၀၉၀၈ ထရီလီယံ သာကျန်ရှိသဖြင့် တရုတ် နိုင်ငံ မှာ အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံ ပြန်လည် ဖြစ်လာ ခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန်လ ကုန်အထိ အမေရိကန် နိုင်ငံ ၏ ငွေတိုက်စာချုပ်အား ပြည်ပနိုင်ငံ များမှ ပိုင်ဆိုင်မှု စုစုပေါင်း တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၆.၁၇၁၃ ထရီယံ ခန့်ရှိပြီး ထိုအတွင်း မှ တရုတ် နိုင်ငံ နှင့် ဂျပန် နိုင်ငံ တို့မှာ အများဆုံး ပိုင်ဆိုင်ကြသည့် နိုင်ငံများဖြစ်ကာ စုစုပေါင်း ပိုင်ဆိုင်မှု ၏ သုံးပုံတစ်ပုံ အထက် ရှိကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.