Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ်တွင် မီးလောင်မှုကြောင့် အိမ် ၁၁ လုံးဆုံးရှုံး


ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ၊ (၂) ရပ်ကွက်တွင် ယနေ့ သြဂုတ် ၁၆ ရက်နေ့ နံနက် ၅နာရီခွဲက မီးလောင်ကျွမ်းခဲ့ပြီး အိမ် ၁၁ လုံး ဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အုတ်ညှပ်နေအိမ် ၂ ထပ် ၂ လုံး၊ သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း ၂ ထပ်နေအိမ် ၉ လုံး၊ စုစုပေါင်း (၁၁) လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် မီးလောင်ကျွမ်းနေစဉ်(ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန)

ဖားကန့်မြို့နယ်မီးသတ်စခန်း၊ ဆိပ်မူအရန်မီးသတ်စခန်း၊ လုံးခင်းနယ်မြေ မီးသတ်စခန်း၊ မမုံ အရန်မီးသတ်စခန်း၊ မှော်ဆီဇာအရန်မီးသတ်စခန်း၊ နမ့်မဖြစ်အရန်မီးသတ်စခန်းများမှ မီးသတ်ကားများ လာရောက်ငြိမ်းသတ်ရာတွင် နံနက် ၇နာရီ၅မိနစ်တွင် မီးထိန်းနိုင်ပြီး ၇နာရီခွဲတွင် မီးငြိမ်းသွားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.