Connect with us

Politics, Law & Military

နိုင်ငံခြားသားခရီးသွားဧည့်သည် ဝင်ရောက်မှု ခုနှစ်လတာအတွင်း ၂၀ရာခိုင်နှုန်း တိုးတက်

ပြည်တွင်းသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နေစဉ် (ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်လည်ပတ်မှုသည် ယခုနှစ် ခုနှစ်လတာအတွင်း ၂၀ရာခိုင်နှုန်း တိုးတက်လာကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

လက်ရှိတွင် ဇန်နဝါရီလမှ ဇူလိုင် လအထိ နိုင်ငံခြား ခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ နှစ်သန်းကျော်အထိ ရှိနေပြီဖြစ်သောကြောင့် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၂ဝ ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် တစ်နှစ်တာအတွင်း နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှု ၂ ဒသမ ၉ သန်း ဝင်ရောက်ခဲ့ပြီး အာဆီယံ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အဆင့် (၉) နေရာတွင်သာ ရှိကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ်တွင်၂ဝ၁၅ ခုနှစ်ထက် ခရီးသွားဝင်ရောက်မှု၃၈ ရာခိုင်နှုန်း ကျဆင်းသွားရခြင်းသည် နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှု တွက်ချက်သည့်ပုံစံ ပြောင်းလဲလိုက်သောကြောင့် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.