ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အိမ်ခြံမြေ အခွန်ဥပဒေအား ချင့်ချိန်ကာ တိုးမြှင့်မည် ဖြစ်ကြောင်း မတ်လ ၅ ရက်က နှစ်ပတ်လည် အစည်းအဝေးသို့ တင်သွင်းသည့် အစိုးရ၏ လုပ်ငန်း အစီရင်ခံစာအရ သိရသည်။

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ပထမအကြိမ်အစည်းအဝေးပွဲအား ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ မတ် ၅ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့သည်။

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်မှုသည် ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲ၏ အရေးကြီးသော လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မတ် ၄ ရက်တွင်ပြောကြားခဲ့သည်။

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်သည် အခြား အင်အားကြီးနိုင်ငံများထက် နည်းပါးကြောင်း နှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အခြားမည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်မှုမဖြစ်စေကြောင်း ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မတ် ၄ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် မတူကွဲပြားမှုများထက် အပြန်အလှန် အကျိုးရလဒ်များကို ပိုမို မျှဝေပြီး ပူးပေါင်းဆောင်ရွက်ခြင်းသည်သာလျှင် နှစ်နိုင်ငံစလုံးအတွက် တစ်ခုတည်းသော မှန်ကန်သည့် နည်းလမ်းဖြစ်ကြောင်း ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မတ် ၄ရက်တွင်ပြောကြားခဲ့သည်။

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲအား မတ်လ ၅ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ၁၅ ရက် နှင့် နေ့တစ်ဝက် ကြာမြင့်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ်လ ၄ရက်တွင်ပြောကြားခဲ့သည်။

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) မှ ကိုယ်စားလှယ်များသည် မတ်လ ၅ရက်တွင် ကျင်းပမည့် ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ်အစည်းအဝေးပွဲ အတွက် အစီအစဉ်များချမှတ်ရန် နှင့် အမြဲတမ်းအမှုဆောင်ကော်မတီ ရွေးချယ်ရန် ပေကျင်းမြို့၌ မတ်လ ၄ရက်တွင် ကျင်းပသော ကြိုတင်ပြင်ဆင်မှု အစည်းအဝေးပွဲသို့ တက်ရောက်လာကြောင်း သိရသည်။