ကျန်းဆူး၊ ဧပြီ ၄ ရက် (ဆင်ဟွာ) စက္ကန့် ၃၀ ဆိုသည်မှာ အချိန်ကာလတိုတောင်းကောင်း တိုတောင်းနိုင်သော်လည်း သမိုင်းမှတ်တိုင်သစ်တစ်ခုစိုက်ရန်အတွက်မူ လုံလောက်သောအချိန်ကာလဖြစ်ပေသည်။ တရုတ်အဖွဲ့တစ်ဖွဲ့သည် စက္ကူလေယာဉ် အချိန်အကြာဆုံး ပျံသန်းမှုအတွက် ၃၁.၂ စက္ကန့်ဖြင့် ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့ပြီး ၂၀၁၀...
ချင်းသောင်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပစ္စည်းအမျိုးအစားခွဲခြင်းမှသည် စူပါမားကတ်ရှိ ဈေးဝယ်စင်ပေါ်တွင် ကုန်ပစ္စည်းများ သိုလှောင်ထားရှိခြင်းအထိ ခေတ်မီဆန်းပြားသော “ဦးနှောက်” ပါရှိသည့် ဉာဏ်ရည်ရှိစက်ရုပ်များကို နေ့စဉ်လူမှုဘဝနှင့် လုပ်ငန်းခွင်တွင် လက်တွေ့အသုံးကျသော လက်ထောက်များဖြစ်လာစေရန် တစ်ဆင့်ခြင်းစီ မည်သို့ လေ့ကျင့်သင်ကြားပေးခဲ့သည်ကို သိရှိစေရန် ဤရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်သည်။ (Xinhua)...
ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တရုတ်-ကနေဒါ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာမြောက် ဆွေးနွေးပွဲကို ယခုနှစ် ဒုတိယနှစ်ဝက်၌ ကျင်းပရန် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် ကနေဒါနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဖရန်ဆွာ-ဖိလစ် ရှန်ပန်ညင်တို့က မြို့တော်ပေကျင်းတွင် ဧပြီ ၃ ရက်၌ သဘောတူညီခဲ့ကြသည်။
ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ယခုကျရောက်လျက်ရှိသည့် ချင်းမင်ပွဲတော် အားလပ်ရက် ခရီးသွားကာလအတွင်း ဧပြီ ၃ ရက်မှ ၇ ရက်အထိ ရထားစီးခရီးသည်ခရီးစဉ် ၉၀.၅ သန်း ရှိလာဖွယ်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသားရထားလမ်းလုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအာဏာပိုင်များက နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး ထုတ်လုပ်မှုတစ်ခုကို ဧပြီ ၂ ရက်၌ ပူးပေါင်းဖြိုခွင်းခဲ့ပြီး သံသယရှိသူ ၄၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဧပြီ ၃ ရက်၌...
ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၏ တော်ဝင်မင်းသမီး မဟာချက်ကရီ သီရိဒုံက တရုတ်နိုင်ငံသို့ ဧပြီ ၄ ရက်မှ ၁၁ ရက်အထိ ခရီးစဉ်လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၃ ရက်၌ ကြေညာခဲ့သည်။...
ပေကျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံက ခုမာမိုတိုနှင့် ရှိဇုအိုကာ စီရင်စုတို့တွင် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားမှုအပေါ် တရုတ်နိုင်ငံက အလေးအနက်စိုးရိမ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဧပြီ ၁ ရက်၌ ပြောကြားခဲ့သည်။ တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိသည့် တာဝေးပစ်ဒုံးကျည်များအား ဂျပန်နိုင်ငံရှိ ကိုယ်ပိုင်ကာကွယ်ရေး မြေပြင်တပ်ဖွဲ့ (GSDF)...
ပေကျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများနှင့်စပ်လျဉ်း၍ ပါကစ္စတန်နိုင်ငံ၏ ကြားဝင်စေ့စပ်ရေးကြိုးပမ်းဆောင်ရွက်မှုများက နိုင်ငံများအားလုံး၏ ဘုံအကျိုးစီးပွားများဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၃၁ ရက်၌ ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်း ဖြစ်သူ ဝမ်က ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mohammad...
ပေကျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လုပ်ဆောင်ချက်များမှာ ခွင့်ပြုချက်မရှိသော စစ်ဆင်ရေးများကို ဥပဒေအရ အကာအကွယ်ပေးရမည် မဟုတ်သကဲ့သို့ တင်းမာမှုများ အရှိန်မြင့်တက်အောင် သို့တည်းမဟုတ် ပဋိပက္ခ အရှိန်မြင့်တက်အောင် လုပ်ဆောင်ခြင်းလည်း မဖြစ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဧပြီ ၂ ရက်၌ ပြောကြားခဲ့သည်။...
ဟောင်ကောင်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၏ လွန်ခဲ့သည့်နှစ်အတွင်း ပြည်ပကုန်သွယ်မှုမှာ ကြံ့ကြံ့ခံမှုရှိခဲ့ပြီး အားရစရာကောင်းသော ရလဒ်ရရှိခဲ့ကြောင်း၊ တရုတ်ပြည်မကြီး၊ အမေရိကန်၊ ဂျာမနီနှင့် နယ်သာလန် စသည့်နိုင်ငံတို့ပြီးနောက် ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုတွင် ပဉ္စမမြောက် အကြီးဆုံး ကုန်သွယ်ရေးအဖွဲ့အစည်း ဖြစ်လာကြောင်း HKSAR အစိုးရ၏...