Connect with us

Stock Market

ရန်ကုန်စတော့အိပ်ချိန်းမှ ကြီးမှူးကျင်းပမည့် YSX Expo 2018 ကို စက်တင်ဘာ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည်

YSX Expo 2018 အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်စတော့အိပ်ချိန်းမှ ကြီးမှူးကျင်းပမည့် YSX Expo 2018 ကို စက်တင်ဘာ ၉ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ Novotel Hotel ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း YSX Expo 2018 အတွက် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအားပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ မြန်မာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသောအရင်းအနှီးဈေးကွက် အခန်းကဏ္ဍ (Role of Capital Market in Growth of Myanmar Economy) အကြောင်းကို လေ့လာသုံးသပ်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့နောက်စာရင်းဝင်ကုမ္ပဏီများမှ အကြီးအကဲတာဝန်ရှိသူများက ၎င်းတို့ကုမ္ပဏီများ၏ လုပ်ငန်းဆောင် ရွက်မှုအခြေအနေများကို တင်ပြသွားမည် ဖြစ်ပြီး ပွဲ၏ ပထမအပိုင်း ဆွေးနွေးပွဲ (Panel Discussion) ကို “စာရင်းဝင်ကုမ္ပဏီများ၏ ရှေ့ဆက် လုပ်ဆောင်သွားမည့် အနာဂတ် အလားအလာများ” (Future Business Outlooks of Listed Companies)ခေါင်းစဉ်ဖြင့်ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအပိုင်းတွင် Financial Advisor ဦးကျော်မျိုးထွန်းမှ မြန်မာနိုင်ငံ၏ စတော့ရင်းနှီးမြှုုပ်နှံမှု အခွင့် အလမ်းများ (Stock Investment Opportunity in Myanmar) အ ကြောင်းကို လေ့လာသုံးသပ် တင် ပြပေးသွားမည် ဖြစ်သည်။ ထို့နောက် မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွ့ံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသော အ ကြောင်းအရာဖြစ်သည့် (Foreign Participation & Myanmar Companies’ Potential) ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲ (Panel Discussion)ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင်မီဒီယာ များအားရှင်းလင်းပြောကြားခဲ့သည်။

Exp၀ တွင် ဆွေးနွေးပွဲ များ သာမကစတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ ပြခန်းများ၊ ဘဏ္ဍာရေးသင်တန်းများ၏ ပြခန်းများ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ပြခန်းများ၊ ဉာဏ်စမ်းပဟေဠိအစီအစဉ်များနှင့် ကံစမ်းမဲ အစီအစဉ်များ၊ အာမခံ ကုမ္ပဏီများ၏ ပြခန်းများ၊အမှတ်တရလက်ဆောင် ပေးအပ်ခြင်းအစီအစဉ်များစွာ ထည့်သွင်းထားပါကြောင်း သိရသည်။

အထူးအစီအစဉ်အနေဖြင့် ရင်းနှီးမြုှုပ်နှံမှု စာရင်းဖွင့်လှစ်လိုသူများအတွက်လည်း မိမိတို့ နှစ်သက်ရာဖြစ်သော ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများဖြစ်သည့် MSEC၊ KBZSC၊CBS၊ AYATSC၊ KTZRH နှင့် UABS တို့တွင် Investor Account (Securities Account) ကို One Stop Service အနေဖြင့် မှတ်ပုံတင်နှင့် ဘဏ်စာအုပ် ယူ ဆောင်ခဲ့ရုံဖြင့် ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။

ပွဲအကြောင်းအရာ အသေးစိတ်ကို http://ysxexpo2018.ySx-mm.com တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း ရန်ကုန်စတော့အိပ်ချိန်းမှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)