မော်စကို၊ ဧပြီ ၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းပဋိပက္ခတွင် ယာယီအပစ်အခတ်ရပ်စဲရေးကို လက်မခံဘဲ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် တိုက်တွန်းကြောင်း ကရင်မလင်နန်းတော်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က မတ် ၃၁ ရက်၌ ပြောကြားခဲ့သည်။...
မော်စကို၊ မတ် ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ၂၀၂၆ ခုနှစ် မေ ၁ ရက်မှစ၍ ရုရှားနိုင်ငံမှ အလေးချိန် ၁၀၀ ဂရမ်ထက်ပိုသော သန့်စင်ပြီးသား ရွှေချောင်းများ တင်ပို့မှုအား တားမြစ်သည့် အမိန့်တစ်ရပ်ကို ခြွင်းချက်များစွာဖြင့် လက်မှတ်ရေးထိုးလိုက်ကြောင်း တရားဝင်ဥပဒေဆိုင်ရာ သတင်းအချက်အလက်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့်...
မော်စကို၊ မတ် ၁၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မြို့တော်မော်စကိုသို့ ဦးတည်ပျံသန်းလာသော ဒရုန်း ၁၄ စင်းထက်မနည်းကို ရုရှားလေကြောင်းကာကွယ်ရေးဌာနက မတ် ၁၄ ရက်၌ ပစ်ချခဲ့သည်ဟု မော်စကိုမြို့တော်ဝန် Sergei Sobyanin က ပြောကြားခဲ့ကြောင်း သိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) လုံခြုံရေးအာမခံချက် တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းနယ်မြေထဲတွင် ဥရောပသမဂ္ဂ (အီးယူ) သို့မဟုတ် နေတိုး တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားမှုကို ရုရှားနိုင်ငံက လက်သင့်မခံကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး အလက်ဇန်းဒါး ဂရက်ရှ်ကိုက ဖေဖော်ဝါရီ ၁ ရက်၌ ပြောကြားခဲ့သည်။ “အဲဒါကို လက်သင့်မခံဘူးဆိုတာကို ကျွန်တော်တို့...
မော်စကို/ကိဗ်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း နော့ဗ်ဂိုရော့ဒ်ဒေသရှိ သမ္မတအိမ်တော်အား ပစ်မှတ်ထား၍ ယူကရိန်းက ညအချိန် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ဒီဇင်ဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။ “ဒီဇင်ဘာ ၂၈-၂၉ ရက် ညပိုင်းမှာ ယူကရိန်းအစိုးရက ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရဲ့...
ကိဗ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ၏ စစ်ဘက်တန်ပြန်ထောက်လှမ်းရေးနှင့် ရေတပ်တပ်ဖွဲ့များသည် ပင်လယ်နက်ဆိပ်ကမ်း Novorossiysk ၌ ပူးတွဲစစ်ဆင်ရေးတစ်ခုအတွင်း ရုရှားနိုင်ငံ၏ ရေငုပ်သင်္ဘောတစ်စင်းကို ထိမှန်နိုင်ခဲ့ပြီး ပြင်းထန်စွာ ပျက်စီးစေခဲ့ကြောင်း ယူကရိန်းလုံခြုံရေးဌာန (SBU) က ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မော်စကို၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ရုရှားသမ္မတ ဗလာတီမာ ပူတင်က ၂၀၂၆ ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းစဉ် ခြောက်ရပ်ကို ဒီဇင်ဘာ ၈ ရက်က ကြေညာခဲ့ကာ ဗဟိုအစိုးရနှင့် ဒေသန္တရ အာဏာပိုင်များအနေဖြင့် အမျိုးသားစီမံကိန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရေး သေချာစေရန်အတွက် နိုင်ငံ့လူဦးရေ၊ စီးပွားရေးနှင့် နည်းပညာ...
ကိဗ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ယူကရိန်းအကျပ်အတည်း အဆုံးသတ်ရေးအတွက် လက်ရှိကြိုးပမ်းမှုများတွင် ပွင့်လင်းမြင်သာမှုရှိရန် ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ဒီဇင်ဘာ ၂ ရက်၌ တိုက်တွန်းခဲ့သည်။ “အရာအားလုံး တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့၊ ယူကရိန်းနိုင်ငံရဲ့ နောက်ကွယ်မှာ ကစားပွဲတွေ မရှိဖို့၊ ယူကရိန်းနိုင်ငံမပါဘဲ ဘာကိုမှ...
မော်စကို၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့် အမေရိကန်သမ္မတ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်တို့ တွေ့ဆုံပြီးနောက် ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးအတွက် ညှိနှိုင်းမှုအစီအစဉ် မရှိသေးကြောင်း ရုရှားသမ္မတလက်ထောက် ယူရီယူရှာကော့ဗ်၏ ပြောကြားချက်ကို ကိုးကား၍ TASS ရုရှားသတင်းဌာနက ဒီဇင်ဘာ ၃ ရက်တွင် ဖော်ပြခဲ့ကြောင်း...
မော်စကို၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့် အမေရိကန်သမ္မတ၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်တို့၏ ရုရှားနိုင်ငံ မြို့တော်မော်စကိုရှိ ကရင်မလင်နန်းတော်၌ တွေ့ဆုံမှုမှာ “အကျိုးဖြစ်ထွန်းမှုရှိ” သည်ဟု ရုရှားနိုင်ငံ၏ ထိပ်တန်းစီးပွားရေးသံတမန် Kirill Dmitriev က ဒီဇင်ဘာ ၃ ရက်၌...