Connect with us

Social & Culture

မြန်မာ-ထိုင်း-လာအို (၃)နိုင်ငံရှိ လူမျိုးစုများ၏ ရိုးရာနေအိမ် ပြပွဲကျင်းပ

မြန်မာ့ရိုးရာအိမ်ပြသထားမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) 

မြန်မာ-ထိုင်း-လာအို (၃)နိုင်ငံရှိ လူမျိုးစုများ၏ လူနေမှုဘဝပုံစံနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ ရိုးရာနေအိမ် ပြပွဲအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့နှင့် ထိစပ်လျက်ရှိသော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၊ Bird Hotel ၊ (၄)လမ်းဆုံ၊ မီးပွိုင့် အနီးရှိ လက်ဖက်ခြံအတွင်း၌ (၇)ကြိမ်မြောက် မြန်မာ-ထိုင်း-လာအို (၃)နိုင်ငံရှိ လူမျိူးစုများ၏ လူနေမှုဓလေ့ ရိုးရာယဉ်ကျေးမှုနှင့် နေထိုင်မှုထုံးတမ်းစဉ်လာ ရိုးရာနေအိမ် ပြပွဲအား ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါပြပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ လာအိုနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ထိုင်းနိုင်ငံမြို့တော်ဝန်နှင့် မယ်ဆိုင်မြို့ပိုင်တို့ တက်ရောက် ခဲ့ကြပြီး မြန်မာ-ထိုင်း-လာအို နိုင်ငံများမှ လူမျိူးစုများ၏ လူနေမှုဘဝပုံစံ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ ရိုးရာနေအိမ်များ ခင်းကျင်း ပြသခဲ့ရာ တိုင်းရင်းသား ရိုးရာအိမ် ၁၀ လုံးစီ ပါဝင်ကြောင်း၊ ၄င်းပြပွဲအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူ ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပြပွဲအခမ်းအနားအား မြန်မာ-ထိုင်း-လာအို (၃)နိုင်ငံမှ တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ပြီး ပြပွဲအား ၅ ရက်တိုင် ကျင်းပပြုလုပ် သွားမည်ဖြစ်ရာ ဝင်ကြေးမှာ အခမဲ့ဖြစ်ကြောင်းနှင့် ပြပွဲတွင် မြန်မာ့ရိုးရာ အိမ်ဝင်း အတွင်း၌ ထိုင်းနိုင်ငံ မြို့တော်ဝန်နှင့် မယ်ဆိုင်မြို့ပိုင်နှင့် ဧည့်သည်တော် များသည် ခင်းကျင်း ပြသထားသည့် မြန်မာ့ရိုးရာနေအိမ် ရိုးရာအဝတ်အစားများနှင့် အသုံးအဆောင် ပစ္စည်းစသည်တို့ကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.