Connect with us

Social & Culture

စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀,၀၀၀ နှင့် တရားမဝင်မူးယစ်ကုန်ကူးသူအား ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀,၀၀၀ အားဖမ်းဆီးစဉ် (ဓာတ်ပုံ-- အင်တာနက်)

ဘန်ကောက်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မူးယစ်ဆေးဝါးဂိုဏ်း တစ်ခု ၏အဓိက အဖွဲ့ဝင်တစ်ဉီးနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀,၀၀၀ ကို ထိုင်းနိုင်ငံတောင်ပိုင်း Narathiwatပြည်နယ် တွင် ထိုင်းရဲတပ်ဖွဲ့ကနိုဝင်ဘာလ ၁၄ ရက်တွင်ဖမ်းဆီးရမိခဲ့သည်။ 

မူးယစ်ဆေးဝါးဖြင့် သံသယရှိနေသော အသက် ၄၇ နှစ်အရွယ်ရှိ Manit Prangchan ၏ ထရပ်ကားပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့မှ မီဒီယာကိုပြောကြားခဲ့သည်။ 

ထိုင်းနိုင်ငံ အလယ်ပိုင်းမှ ၎င်း ၏ နိုင်ငံတောင်ပိုင်းရှိ Yala၊  Pattani၊ Narathiwat ပြည်နယ်များရှိ ကွန်ယက်များသို့ မူးယစ်ဆေးဝါးများတရားမဝင်ဖြန့်ချိရန် သတင်းအစအား  ရဲတပ်ဖွဲ့မှရရှိခဲ့ကြောင်း Pattani ရဲတပ်ဖွဲ့မှ ရဲချုပ် Pol Maj Gen Jirawat Payunthamက မီဒီယာ ကိုပြောကြားခဲ့သည်။ 

အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများကို မလေးရှားနိုင်ငံ သို့တင်ပို့မည်ဆိုသည့်အချက်အား Pattani ပြည်နယ်၏ ရဲချုပ်မှ ပြောကြားခြင်းမရှိပေ။ 

ထိုင်းနိုင်ငံတောင်ပိုင်းသည် သောင်းကျန်သူများလှုပ်ရှားမှုကြောင့် နာမည်ဆိုးဖြင့်ကျောဇော်သည့် ဒေသဖြစ်သည်။ ၎င်းသည် ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံအကြား နယ်စပ်ဖြတ်ကျော်မူးယစ်ဆေးမှောင်ခိုတင်ပို့ရာနေရာလည်းဖြစ်သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.