Connect with us

Economy

အလှကုန်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံနိုင်ငံများ ဆွေးနွေး

အလှကုန်ပစ္စည်းများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဗီယင်ကျန်း၊ မေ ၄ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် အလှကုန်စီမံခန့်ခွဲမှု လမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေးအတွက် အရေးကြီးသည့် သင်ခန်းစာများ မျှဝေခဲ့ကြောင်း သိရသည်။

၂၈ ကြိမ်မြောက် အာဆီယံ အလှကုန်ကော်မတီ အစည်းအဝေးအား လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် မေလ ၁ ရက်မှ ၄ ရက်အထိ ပြုလုပ်ခဲ့ပြီး လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ အစားအသောက်နှင့် ဆေးဝါးဌာန ညွှန်ကြားရေးမှူးချုပ် Somthavy Changvisommid က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

အစည်းအဝေး တက်ရောက်လာသူများက အာဆီယံ အလှကုန်ဆိုင်ရာ ညွှန်ကြားချက်များကို ဆွေးနွေးခဲ့ပြီး ဥရောပသမဂ္ဂ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် အလှကုန် စံချိန်စံညွှန်း တစ်ခုဖန်တီးရန် နည်းလမ်းများအား စဉ်းစားခဲ့ကြသည်။

အစည်းအဝေး အစီအစဉ်၌ အလှကုန်နှင့် ဆက်စပ်သော အာဆီယံ စည်းမျဉ်းစည်းကမ်းများ ဖန်တီးခြင်းနှင့် အာဆီယံ အလှကုန် ညွှန်ကြားချက်များ အကောင်အထည်ဖော်ရေး စသည်တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.