Connect with us

Africa & Middle East

ဇမ်ဘီယာနိုင်ငံတွင် တရုတ်ရန်ပုံငွေဖြင့် ကွန်ဖရင့်စင်တာ တည်ဆောက်မှု ၈၅ ရာခိုင်နှုန်း ပြီးစီး

ဇမ်ဘီယာနိုင်ငံ လူဆာကာမြို့ရှိ Kenneth Kaunda အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဒုတိယမြောက် လေဆိပ်အဆောက်အဦအား တွေ့ရစဉ် (ဆင်ဟွာ)

လူဆာကာ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ဇမ်ဘီယာနိုင်ငံ မြို့တော် လူဆာကာတွင် ယခုနှစ်၏ အာဖရိကသမဂ္ဂ (AU) ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရန် Kenneth Kaunda International ကွန်ဖရင့်စင်တာ တည်ဆောက်မှုသည် ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အစိုးရတာဝန်ရှိသူက ဖေဖော်ဝါရီ ၈ ရက်၌ တွင် ပြောကြားခဲ့သည်။

ယင်းစက်ရုံ၏ တရုတ်ကန်ထရိုက်တာဖြစ်သော တရုတ်နိုင်ငံ ကျန်းဆူး နိုင်ငံတကာ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအုပ်စု (China Jiangsu International Economic and Technical Corporation Group) သည် အဆိုပါစီမံကိန်းအား ၂၀၂၂ ခုနှစ် ဧပြီလတွင် လွှဲပြောင်းပေးအပ်ရမည့်ရက်မတိုင်မီ မတ်လ၌ အစိုးရထံလွှဲပြောင်းနိုင်မည်ဟု ခန့်မှန်းထားကြောင်း အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံဌာနတွင် အလုပ်လုပ်ကိုင်နေသော စာရေး Tadalisika Zulu အား ကိုးကား၍ ပြည်သူ့အခြေခံအဆောက်အအုံဦးစီးဌာနမှ ပြောကြားထားသည်။

အဓိကကွန်ဖရင့်အခန်းတည်ရှိရာ အဆောက်အဦသည် လူပေါင်း ၄,၀၀၀ ခန့်ဝင်ဆံ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။

ဇမ်ဘီယာနိုင်ငံအနေဖြင့် ယခုနှစ် ဇူလိုင်လတွင် နှစ်လည်ညှိနှိုင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးအား လက်ခံကျင်းပရန် အသင့်ရှိပြီဖြစ်ကြောင်း ယခင်သီတင်းပတ်က အီသီယိုးပီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သော အာဖရိကသမဂ္ဂ( AU) ၏ ၃၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Construction of China-funded conference center in Zambia 85 percent complete
Source: Xinhua| 2022-02-09 02:26:43|Editor: huaxia

LUSAKA, Feb. 8 (Xinhua) — Construction of Kenneth Kaunda International Conference Center, an ultra-modern conference center in Lusaka, the capital of Zambia, for hosting this year’s African Union (AU) summit, is 85 percent complete, a government official said Tuesday.
The facility’s Chinese contractor, China Jiangsu International Economic and Technical Corporation Group, has been working to hand over the project to the government in March before the scheduled handover date in April 2022, state broadcaster Zambia National Broadcasting Corporation quoted Tadalisika Zulu, the clerk of Works at the Department of Public Infrastructure, as saying.
According to her, most of the construction works have been completed and only fittings were currently being done.
The facility whose main conference room has a holding capacity of about 4,000 people started construction in 2020.
Zambian President Hakainde Hichilema said during the 35th Ordinary Session of the Assembly of the AU in Ethiopia last week that the southern African nation was ready to host the mid-year coordinating summit in July this year. ■

Photo : This photo taken on Aug. 9, 2021, shows the exterior of the second terminal building at the Kenneth Kaunda International Airport in Lusaka, Zambia. (Xinhua/Zhao Yupeng)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.