Connect with us

China

မြန်မာနိုင်ငံကခြောက်လနီးပါးကာလအတွင်း ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈၂ သန်းကျော် ဝင်ငွေရရှိ

ရန်ကုန်မြို့ရှိ၊ ဆိပ်ကမ်းတစ်ခုတွင် အလုပ်လုပ်နေကြသူများကို ၂၀၂၃ ခုနှစ်၊ မတ် ၃၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လနီးပါးကာလအတွင်း ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈၂.၄၅၃ သန်းခန့် ဝင်ငွေရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၅ ရက်တွင်ပြောသည်။ယခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၂ ရက်အထိ ရေထွက်ပစ္စည်း တင်ပို့မှုမှ ရရှိသည့် ၀င်ငွေမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အလားတူကာလက ရရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၃၂၂.၇၃၀ သန်းနှင့် နှိုင်းယှဉ်ပါက လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

 ရန်ကုန်မြို့ရှိ၊ ဆိပ်ကမ်းတစ်ခုတွင် အလုပ်လုပ်နေကြသူများကို ၂၀၂၃ ခုနှစ်၊ မတ် ၃၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

 ရန်ကုန်မြို့ရှိ၊ ဆိပ်ကမ်းတစ်ခုတွင် အလုပ်လုပ်နေကြသူများကို ၂၀၂၃ ခုနှစ်၊ မတ် ၃၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

“ရေထွက်ကုန်တင်ပို့မှု ပြန်ပြီးမြှင့်တင်ဖို့အတွက် ကျွန်တော်တို့ အခုလုပ်နေတာဆိုရင် တရုတ်နိုင်ငံ၊ နန်နင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ နန်နင်းကုန်စည်ပြပွဲမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံက ရေချို ငါး၊ ပုစွန်တွေကို တရုတ်နိုင်ငံကို တင်ပို့နိုင်ဖို့အတွက် MOU တစ်ရပ်ရေးထိုးခဲ့တယ်။ အဲဒါတွေကိုတင်ပို့နိုင်ရင် ပို့ကုန်ဝင်ငွေပြန်ပြီးမြှင့်တင်နိုင်မယ်လို့ထင်ပါတယ်။ အဲဒါကိုလည်း ဌာနကလုပ်ပေးနေပါတယ်” ဟု ၎င်းတာဝန်ရှိသူက ဖြည့်စွက်ပြောကြားသည်။မြန်မာနိုင်ငံမှ ထွက်ရှိသည့်ရေထွက်ကုန်များကို ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.