Connect with us

Economy

ASEAN Business Awards 2018 တွင် လျှောက်လွှာတင်၍ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်

ASEAN Business Awards 2018လျှောက်လွှာပိတ်ရက်အားကြေညာထားစဉ် (ဓာတ်ပုံ--UMFCC)

ရန်ကုန်၊မေ ၁၆ ရက် (ဆင်ဟွာ)

အာဆီယံစီးပွားရေးဆုပေးပွဲ (ASEAN Business Awards 2018) အတွက် အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအား လျှောက်လွှာတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်နေပြီဖြစ်ကြောင်း ကုန်သည်စက်မှုှု အသင်းချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

ယခုနှစ်တွင် မဟာမိတ်ဖက်အဖြစ် အသိပညာများမျှဝေပေးပြီး ပူးပေါင်းပါဝင်မည့်သူများသည် Ernst & Young LLP (EY) နှင့် စင်္ကာပူစီမံခန့်ခွဲမှုတက္ကသိုလ် (Singapore Management University) တို့ဖြစ်ကြောင်း သိရသည်။

ဖောင်တင်ရန် လိုအပ်ချက်များနှင့်အမည်စာရင်းတင်သွင်းရမည့်ပုံစံများကို https://www.aseanbac2018.org/asean-business-award/ မှာ download ရယူနိုင်ကြောင်း၊ ဖြည့်စွက်ထားသော Form များကို [email protected] သို့ ပေးနိုင်ကြောင်း၊ ၂၀၁၈ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့တွင် ဖောင်ပိတ်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် အာဆီယံမိသားစုစီးပွားရေးဆု (ASEAN Familly Business Award) ကို ဆုအသစ်တစ်ခုအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ ASEAN Family Business Award ဆုသည် အာဆီယံအသိုက်အဝန်းထဲ ၌ မိသားစု စီးပွားရေးလုပ်ငန်းကို ဘဏ္ဍာရေးနှင့် လူမှုရေးတို့တွင် ထူးချွန်အောင်မြင်စွာလုပ်ကိုင်နိုင်၍ မျိုးဆက်များစွာ တိုင်အောင် အဓွန့်ရှည်စွာ စွမ်းဆောင်နိုင်သူများကို အသိအမှတ်ပြုသောအားဖြင့် ပေးအပ်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.