Connect with us

Stock Market

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ ခြောက်ခုအနက် နှစ်ခုသည် စာရင်း တင်နိုင်ရန် ပြင်ဆင်လျက်ရှိ

စတော့ဈေးနှုန်းများဖွင့်လှစ်စဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ ခြောက်ခုအနက် ငါးခုမြောက် ကုမ္ပဏီအဖြစ် MAPCO က ရှယ်ယာအရောင်း အဝယ်များ လုပ်ဆောင်နိုင်ရန် လိုအပ်သည့် ဆောင်ရွက်ချက်များ လုပ်ဆောင်နေပြီး Great Horkhan ကုမ္ပဏီကလည်း စာရင်း တင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM)မှ သိရသည်။

ထိုကုမ္ပဏီနှစ်ခုမှာ လာမည့် ခြောက်လအတွင်း စာရင်းတင်နိုင်မည် ဖြစ်ကြောင်း၊ စာရင်း တင်ပြီးပါက ရန်ကုန်စတော့ အိတ်ချိန်းတွင် ရှယ်ယာ အရောင်းအဝယ် လုပ်ဆောင်ရန် မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်မှ ရွေးချယ်ထားသော စာရင်းဝင် ကုမ္ပဏီ ခြောက်ခုစလုံး စာရင်းတင်နိုင်မည် ဖြစ်ကြောင်းနှင့် လတ်တလောတွင် ထပ်မံ စာရင်းတင်မည့် ကုမ္ပဏီများကို စိစစ်ထားခြင်း မရှိသေးကြောင်း သိရသည်။

ရန်ကုန်စတော့ အိတ်ချိန်း၌ လက်ရှိတွင် FMI ကုမ္ပဏီ၊ သီလဝါ အများပိုင် ကုမ္ပဏီ (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် ပထမ ပုဂ္ဂလိကဘဏ် (FPB)တို့က ရှယ်ယာ အရောင်းအဝယ် လုပ်ဆောင်လျက် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.