Videos
တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများက အီရတ်ပြည်သူများအကြား လူကြိုက်များရေပန်းစား
ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)
ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း များပြားသော တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်း အရေအတွက်မျိုးစုံသည် အီရတ်ဈေးကွက်အတွင်း ဒေသခံပြည်သူများ၏ နေ့စဉ်ဘဝတွင် အရေးပါသောအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။တရုတ်ကုန်ပစ္စည်းများသည် ပြည်သူများ လိုအပ်ချက်နှင့်ကိုက်ညီသည့် ထုတ်ကုန် ဈေးနှုန်းချိုသာမှု နှင့် အရည်အသွေးကောင်းမွန်မှုတို့ကြောင့် ဒေသခံပြည်သူများကို စိတ်ဝင်စား ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။ဘဂ္ဂဒက်မြို့လယ် al-Rasheed လမ်းတွင် လျှပ်စစ်ပစ္စည်းအသုံးအဆောင် ဈေးဆိုင်ပိုင်ရှင် Ihsan Baqir က ၎င်း၏ ဈေးဆိုင်ရှိ စက်ပစ္စည်းအများစုမှာ တရုတ်နိုင်ငံမှ တင်သွင်းခဲ့ကြောင်း ၊ အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံက ပစ္စည်းများမှာ ဝယ်လိုအားများသည့်အတွက်ကြောင့် ဖြစ်ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။
“တရုတ်ကုန်ပစ္စည်းတွေက လူတိုင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပြီးတော့ ဝယ်ယူသူတွေကို ရွေးချယ်မှုအမျိုးမျိုး ပေးပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
အီရတ်နိုင်ငံ အရှေ့ပိုင်း Diyala ပြည်နယ်ရှိ အီရတ် ကုန်သည်ကြီးများအသင်းရုံး၏ အကြီးအကဲ Mohammed al-Tamimi က ပြည်နယ်ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းအများစုမှာ တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများ ဖြစ်ပြီး အထူးသဖြင့် လျှပ်စစ်ထုတ်ကုန်များ ဖြစ်ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ပြည်နယ်အတွင်းရှိ ကုန်သည်ကြီးများအသင်းရုံး၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Makki Hassanein ၏ ပြောကြားချက်အရ တရုတ်ကုန်ပစ္စည်းများအတွက် ဝယ်လိုအားမှာ စက်အစိတ်အပိုင်းနှင့် လျှပ်စစ်ပစ္စည်းများအတွက်သာမက Diyala ပြည်နယ်ဈေးကွက်အတွင်းရှိ အားပစ္စည်းပစ္စည်းများ၏ ၁၀ ရာခိုင်နှုန်းကျော်အား ကိုယ်စားပြုသည့် အားကစားထုတ်ကုန်များ အပါအဝင် အခြားသောထုတ်ကုန်များစွာအတွက်ပါ တိုးလာခဲ့ကြောင်း သိရသည်။
Diyala ပြည်နယ်၏ မြို့တော် Baquba မြို့ရှိ ရေနံဆီ နှင့် ဓာတ်ငွေ့အပူပေးစက်များ ရောင်းချသည့် ဈေးဆိုင်ပိုင်ရှင် Sajjad Ali က ၎င်း၏ ဈေးဆိုင်ရှိ ကုန်ပစ္စည်းများ၏ ၅၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံထုတ်များ ဖြစ်ကြောင်း ၊ အပူပေးစက်များသည် ထိရောက်ပြီး လှပသောပုံသဏ္ဍာန် အမျိုးမျိုးရှိကြောင်း ပြောကြားခဲ့သည်။
ဘဂ္ဂဒက်တက္ကသိုလ်၌ စီးပွားရေးပါမောက္ခ Ziyad al-Jubouri က “တရုတ်နိုင်ငံက အဆင့်မြင့်ပြီး ခေတ်မီတဲ့ ပစ္စည်းကိရိယာတွေ ၊ နည်းပညာမြင့်ကုန်ပစ္စည်းတွေနဲ့ နေ့စဉ်လူသုံးကုန်ပစ္စည်းတွေအားလုံးကို ထုတ်လုပ်နေပါတယ်။ဒါကြောင့် စားသုံးသူအမျိုးမျိုးအတွက် ရွေးချယ်စရာတွေအများကြီး ပံ့ပိုးပေးပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ခေတ်မီအဆင့်မြင့်နည်းပညာများ အသုံးပြုခြင်းဖြင့် အောင်မြင်ကျော်ကြားနေသော တရုတ် စက်မှုလုပ်ငန်းများသည် ကမ္ဘာ့ဈေးကွက်တွင် အဓိကပြိုင်ဘက်များ ဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တိကျပြီး အောင်မြင်သော လေ့လာမှုများကို အားထားကြောင်း အလေးအနက် ပြောကြားခဲ့သည်။
#China #Iraqi #Product #Popular #တရုတ်နိုင်ငံ #အီရတ်နိုင်ငံ #ထုတ်ကုန် #ရေပန်းစား
—————————-
China-made products popular among Iraqis
In the past few years, an increasing number and variety of Chinese-made goods have become an important part of local people’s lives in the Iraqi market. Chinese goods attract local people due to the products’ affordability and good quality that meet the needs of the people.
Ihsan Baqir, the owner of an electrical appliances store in al-Rasheed Street in downtown Baghdad, told Xinhua that most of the devices in his store are imported from China because there is a great demand.
“Chinese goods meet the demand of all levels and provide consumers with a variety of choices,” Baqir said.
Mohammed al-Tamimi, head of Iraq’s Chamber of Commerce office in Diyala, Iraq’s eastern province, told Xinhua that “a large share of the goods in the provincial markets are Chinese-made products, especially electrical products.”
According to Makki Hassanein, a member of the Chamber of Commerce office in the province, the demand for Chinese goods is not only for machinery and electrical equipment, but rather extended to many other products, including sports products which represent more than 10 percent of the sports equipment in the Diyala market.
Sajjad Ali, the owner of a shop that sells kerosene and gas heaters in Diyala’s capital Baquba, said that 50 percent of the products he has in the shop are made in China, noting that these heaters are efficient and are in different beautiful shapes.
Ziyad al-Jubouri, professor of economics at the University of Baghdad, told Xinhua, “China produces all advanced and modern equipment, high-tech goods and daily consumer goods, and therefore it provides many options for all consumers at different financial levels.”
Al-Jubouri stressed that Chinese industries, which are distinguished by the use of modern and advanced technology, have become major competitors in the global market, and that China relies on accurate and successful studies to meet the needs of the global economy.
Xinhua News Agency correspondents reporting from Baghdad.(XHTV)