မြန်မာ-ENG
တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံးမော်တော်ယာဉ် ဝယ်ခွန်ကင်းလွတ်ခွင့် ပထမသုံးလပတ်ကာလတွင် ၃၆ ရာခိုင်နှုန်းတိုးလာ
ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် မော်တော်ယာဉ်သုံးစွဲမှု မြှင့်တင်ရေးနှင့် အစိမ်းရောင်ဖြိုးတိုးတက်မှုအဆင့်မြှင့်တင်ရေးအတွက် စဉ်ဆက်မပြတ် အားထုတ် ကြိုးပမ်းနေစဉ်အတွင်း တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံးမော်တော်ယာဉ် (NEVs) ကင်းလွတ်ခွင့်ခွန်မှာ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ယမန်နှစ်ကထက် ၃၆ ရာခိုင်နှုန်းတိုးလာကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း အခွန်ငွေ စုစုပေါင်း ယွမ် ၂၁.၂၄ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၃.၀၉ ဘီလီယံခန့်) ဖြေလျှော့ပေးခဲ့ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ သိရသည်။
တရုတ်နိုင်ငံသည် စွမ်းအင်သစ်သုံးမော်တော်ယာဉ် (NEV) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၄ ခုနှစ်ကတည်းက ဝယ်ခွန်ကင်းလွတ်ခွင့် မူဝါဒကို အကောင်အထည်ဖော်လျက်ရှိသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် NEV ၏ ဦးစားပေးအခွန်မူဝါဒကို၂၀၂၃ ခုနှစ် နှစ်ကုန်အထိ သက်တမ်းတိုးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ အခွန်လျှော့ပေါ့ပေးမှုက တစ်စိတ်တစ်ပိုင်းမြှင့်တင်ပေးသည့်အနေဖြင့် တရုတ်နိုင်ငံ၏ NEV ကဏ္ဍ သည် ပြီးခဲ့သောနှစ်များ အတွင်း ဆက်လက်တိုးတက်ခဲ့သည်။ ပထမသုံးလပတ်အတွင်း NEVs များ လက်လီရောင်းချမှုသည် ယမန်နှစ်ကထက် ကားအစီးရေ၁.၃၁သန်းကားအစီးရေအထိရှိခဲ့ပြီး ၂၂.၄ ရာခိုင်နှုန်း ခုန်တက်သွားခဲ့ကြောင်း စက်မှုလုပ်ငန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။ (Xinhua)
——————————
China’s NEV purchase tax exemption up 36 pct in Q1
BEIJING, April 25 (Xinhua) —
China’s vehicle purchase tax exemption for new-energy vehicles (NEVs) went up 36 percent year on year in the first quarter of 2023, amid the country’s continuous efforts to promote automobile consumption and advance green development, official data shows.
A total of 21.24 billion yuan (about 3.09 billion U.S. dollars) of tax was waived off in the January-March period, according to the State Taxation Administration.
China has been implementing the purchase tax exemption policy since 2014 to shore up the development of the NEV sector. In September 2022, it extended the preferential tax policy to the end of 2023.
Partly boosted by tax incentives, China’s NEV sector has been growing rapidly over the years. During the first quarter, the retail sales of NEVs jumped 22.4 percent year on year to 1.31 million units, industry data showed. ■