Connect with us

Videos

ယူကရိန်းက ကီလိုမီတာ ၁၀၀ အကွာအဝေးပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ထုတ်လုပ်ရန် စီစဉ်

ကိဗ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံက ကီလိုမီတာ ၁၀၀ အကွာအဝေးရှိ လေကြောင်းရန်များကို ကြားဖြတ်နိုင်စွမ်းရှိသော လေကြောင်းရန်ကာကွယ်ရေးစနစ်များ ထုတ်လုပ်ရန် အစီအစဉ်များချမှတ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ အစိုးရပိုင် Ukrinform သတင်းအေဂျင်စီက ဒီဇင်ဘာ ၁ ရက်၌ သတင်းဖော်ပြထားကြောင်း သိရသည်။လာမည့်နှစ်တွင် ယူကရိန်းအနေဖြင့် ကီလိုမီတာ ၁၀၀ ကျော် အကွာအဝေးအထိ ရွေ့လျားနိုင်သော လေယာဉ်ပစ်ဒုံးကျည်စနစ်များနှင့်အတူ Koral အမျိုးအစား လေကြောင်းရန်ကာကွယ်ရေးစနစ်များ ထုတ်လုပ်ရေးကို အာရုံစိုက်သွားမည်ဟု ယူကရိန်း ဒုတိယ ကာကွယ်ရေးဝန်ကြီး Ivan Havryliuk က ပြောခဲ့သည်။

ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနှင့် ပဋိပက္ခဖြစ်ပွားနေသည့်ကြားမှ ၂၀၂၄ ခုနှစ်အတွင်း ဒုံးကျည်များနှင့် လက်နက်ခဲယမ်းများ ဝယ်ယူရန် ယူကရိန်းငွေကြေး hryvnia ၁၇၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံခန့်) ခွဲဝေအသုံးပြုမည်ဖြစ်ကြောင်း Havryliuk က ဆိုသည်။

Luch Design Bureau က ထုတ်လုပ်ထားသော Koral အမျိုးအစားသည် လေယာဉ်ပျံများ၊ ရဟတ်ယာဉ်များ၊ ခရုစ်ဒုံးကျည်များ၊ တာဝေးပစ်ဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်များကို ဖျက်ဆီးနိုင်သော လေယာဉ်ပစ် ဒုံးကျည်တစ်မျိုးဖြစ်သည်။ Koral ဒုံးကျည်ရှေ့ပြေးပုံစံကို ၂၀၂၁ ခုနှစ်တွင် အများပြည်သူအား ပထမဆုံးထုတ်ဖော်ပြသခဲ့သည်။လက်ရှိတွင် ယူကရိန်းနိုင်ငံသည် ဒုံးကျည်များနှင့် ဒရုန်းများရန်မှကာကွယ်ရေးအတွက် ပြည်ပမှ လေကြောင်းရန်ကာကွယ်ရေးစနစ်များကိုသာ အများဆုံးအသုံးပြုနေခြင်းဖြစ်သည်။ (Xinhua)

………………………………
Ukraine plans to produce 100-km-range air defense systems
KIEV, Dec. 1 (Xinhua) — Ukraine has set out plans to produce air defense systems capable of intercepting aerial threats at a distance of 100 kilometers, the government-run Ukrinform news agency reported Friday, citing a senior Defense Ministry official.
Ivan Havryliuk, Ukraine’s deputy defense minister, said that next year, Ukraine will focus on producing air defense systems of the Koral type with a range of more than 100 kilometers, along with portable anti-aircraft missile systems.
In 2024, Ukraine will allocate a total of 175 billion hryvnias (about 4.8 billion U.S. dollars) for the purchase of missiles and ammunition amid the conflict with Russia, Havryliuk said.
Developed by the Luch Design Bureau, the Koral is an anti-aircraft missile capable of destroying airplanes, helicopters, cruise missiles, ballistic missiles and unmanned aerial vehicles. The prototype of the Koral missile was first unveiled to the public in 2021.
Currently, Ukraine relies mostly on foreign air defense systems to protect its skies from missiles and drones.