Connect with us

Europe

စစ်ရေးအကူအညီပေးရေးအစီအစဉ်အရ ယူကရိန်းစစ်သည် ၅၂,၀၀၀ ကျော်အား ဥရောပသမဂ္ဂက လေ့ကျင့်ပေးဟု ယူကရိန်းပြော

ယူကရိန်းနိုင်ငံ Kupyansk ခရိုင်တွင် စစ်ရေးလေ့ကျင့်မှုပါဝင်နေသော ယူကရိန်းစစ်သားများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိယက်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)
ဥရောပသမဂ္ဂအဖွဲ့၏ စစ်ရေးအကူအညီပေးရေးအစီအစဉ်အရ ယူကရိန်းစစ်သည် ၅၂,၀၀၀ ကျော်အား ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများက လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း ယူကရိန်းနိုင်ငံပိုင် Ukinform သတင်းအေဂျင်စီက ဇွန် ၂၁ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါလေ့ကျင့် သင်ကြားရေးအစီအစဉ်တွင် ယူကရိန်းတပ်မတော်မှ အရာရှိများနှင့် အခြားအဆင့်စစ်သည်များပါဝင်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယူကရိန်းတပ်မတော်သည် ယခုအခါ တပ်မဟာအသစ်များထပ်မံဖွဲ့စည်းနေခြင်းကြောင့် လေ့ကျင့်သင်ကြားရေး အစီအစဉ်ကို တိုးချဲ့လုပ်ဆောင်ရန် ဥရောပသမဂ္ဂအဖွဲ့အား ယူကရိန်းလက်ထောက် ကာကွယ်ရေးဝန်ကြီး အိုလက်ဆန်းဒါး ဘာလာနွတ်ဆာက တောင်းဆိုထားသည်။
ဥရောပသမဂ္ဂအဖွဲ့၏ စစ်ရေးအကူအညီပေးရေးအစီအစဉ်အရ နှစ်နှစ်ကြာမြင့်မည့် လေ့ကျင့်သင်ကြားမှုကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းလေ့ကျင့်မှုတွင် မိုင်းရှင်းလင်းရေးဆိုင်ရာ သင်ကြားရေး ဆေးကုသမှုဆိုင်ရာအကူအညီပေးရေး၊ ပြုပြင်မွမ်းမံခြင်းနှင့် ပြင်ဆင်ခြင်းတို့ပါဝင်ကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
Ukraine says over 52,000 troops trained by EU
KIEV, June 21 (Xinhua) — More than 52,000 Ukrainian troops have been trained under the European Union Military Assistance Mission (EUMAM), the Ukrainian government-run Ukrinform news agency reported Friday.
Ukrainian soldiers, sergeants and officers have participated in the training program, according to the country’s defense ministry.
Ukrainian Deputy Defense Minister Oleksandr Balanutsa urged the EU to extend the training mission as the Ukrainian army is forming new brigades.
The two-year EUMAM was launched on Nov. 15, 2022. The mission includes training on demining, medical assistance, maintenance and repair, among others, and is conducted on the EU’s soil. ■
Ukrainian soldiers take part in a military training in Kupyansk district, Ukraine, Aug. 16, 2023. (Photo by Peter Druk/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.